သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားပြင်းငလျင်ကြောင့် အိန္ဒိယ၊ တရုတ်နဲ့ နီပေါ လူ ၅၀ ကျော် သေဆုံး


အားပြင်းငလျင်ကြောင့် အိန္ဒိယ၊ တရုတ်နဲ့ နီပေါ လူ ၅၀ ကျော် သေဆုံး
အားပြင်းငလျင်ကြောင့် အိန္ဒိယ၊ တရုတ်နဲ့ နီပေါ လူ ၅၀ ကျော် သေဆုံး

နီပေါနိုင်ငံ၊ တရုတ်နိုင်ငံတို့နဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ ဟီမားလေးယန်း (Himalayan) ဒေသမှာ ၆.၉ ပြင်းအားရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၅၃ ယောက် သေဆုံးသွားပါတယ်။ တနင်္လာနေ့မှာ မိုးသည်းထန်စွာ ရွာနေတာကြောင့် အသက်ရှင် ကျန်ရစ်ခဲ့သူတွေကို ရှာဖွေတဲ့ နေရာမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

ငလျင်ဟာ ဆစ်ကင်မ် (Sikkim) ပြည်နယ် မြို့တော် ဂန်းတုတ် (Gangtok) မြို့ရဲ့ အနောက်မြောက်ဘက် ၃၇ မိုင်ခန့် အကွာကို ဗဟိုပြုပြီးတော့ လှုပ်ခတ်သွားတာ ဖြစ်ပါတယ်။ အနည်းဆုံး လူ ၃၀ ကျော်ဟာ အဆောက်အဦး အပြိုအပျက်တွေနဲ့ မြေတွေပိပြီး သေဆုံးကြရတာ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ၅၀ ကျော် ရှိတယ်လို့လည်း ဆိုပါတယ်။

ငလျင်နဲ့ ဆက်နွယ်ပြီး အနောက်ဘန်ဂေါပြည်နယ်၊ ဘီဟာပြည်နယ်တွေထဲမှာလည်း သေဆုံးမှုတွေ ရှိတယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။

ငလျင် လှုပ်ခတ်မှုကို မိုင်ပေါင်း ၆၀၀ ကျော်ဝေးတဲ့ နယူးဒေလီနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နိုင်ငံတို့ကပါ ခံစားသိရှိရကြောင်း သိရပါတယ်။

တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဆစ်ကင်မ်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တောင်ပိုင်း တိဘက်မှာလည်း အနည်းဆုံး လူ ၇ ဦး သေဆုံးကြောင်း ကြေညာပါတယ်။ နီပေါနိုင်ငံမှာလည်း အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူ ၃ ဦးဟာ မြို့တော် ခတ်မန်ဒူ (Kathmandu) မှာ ဖြစ်ပါတယ်။ နီပေါမှာရှိတဲ့ ဗြိတိသျှသံရုံး အပြင်ဘက်က အုတ်နံရံလည်း ပြိုလဲသွားတယ်လို့ သိရပါတယ်။

XS
SM
MD
LG