သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယက AI ရုံးတခု အာဏာပိုင်တွေ ဝင်ရောက်ရှာဖွေ


ိအိန္ဒိယနိုင်ငံ၊ Bangalore မြို့ Amnesty International's ရုံးထဲဝင်ဖို့ စောင့်နေတဲ့ အမျိုးသမီးတဦး (အောက်တိုဘာ ၂၆၊ ၂၀၁၈)
ိအိန္ဒိယနိုင်ငံ၊ Bangalore မြို့ Amnesty International's ရုံးထဲဝင်ဖို့ စောင့်နေတဲ့ အမျိုးသမီးတဦး (အောက်တိုဘာ ၂၆၊ ၂၀၁၈)

အိန္ဒိယနိုင်ငံ တောင်ပိုင်း Bengaluru မြို့မှာရှိတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် AI အဖွဲ့ရဲ့ ရုံးခန်းကို အိန္ဒိယ အာဏာပိုင်တွေ ဝင်ရောက်ရှာဖွေခဲ့တဲ့လုပ်ရပ်ဟာ ရာဇဝတ် ဂိုဏ်းတွေလိုမျိုး ပြုမူဆက်ဆံ တာဖြစ်နေပြီး လူထု အခြေပြု အဖွဲ့အစည်းတွေအနေနဲ့ ကြောက်ရွံ့စိုးရိမ်မှုတွေ ပျံ့န့ှံသွားစေဖို့ အစိုးရအနေနဲ့လိုလားနေကြောင်း AI အဖွဲ့က မနေ့သောကြာနေ့က စွပ်စွဲပြောကြားခဲ့ပါတယ်။

ပြည်ပ ရံပုံငွေဆိုင်ရာ စည်းမျဉ်းကမ်းသတ်ချက်ကို ချိုးဖောက်မှုရှိခဲ့တယ်ဆိုတဲ့ သံသယနဲ့ အောက်တိုဘာ လ ၂၅ ရက်နေ့ ကြာသာပတေးနေ့က အိန္ဒိယ အာဏာပိုင်တွေက AI ရဲ့ ဒေသဆိုင်ရာ ရုံးခွဲထဲ ဝင် ရောက်ပြီး အချိန် ၁၀ နာရီကျော်ကြာ ရှာဖွေခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ဘဏ်အကောင့်တွေကို လည်း အာဏာပိုင်တွေက ထိန်းချုပ်လိုက်ကြောင်း AI အဖွဲ့က ပြောပါတယ်။

အိန္ဒိယမှာရှိတဲ့ AI အဖွဲ့အနေနဲ့ ပြည်ပကနေ ငွေတွေယူဖို့ စီးပွားရေးလုပ်ငန်း ထူထောင်တာဟာ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်း ကို ချိုးဖောက်တာဖြစ်တယ်ဆိုတဲ့ သံသယဖြစ်မှုနဲ့ AI ရုံးကို ဝင်ရောက် စီးနင်းရှာဖွေတာ ဖြစ်တယ်လို့ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အကြီးအကဲ က ပြောပါတယ်။ အာဏာပိုင်တွေ ဘက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း AI အဖွဲ့အနေနဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပက ရံပုံငွေ အမေရိကန် ဒေါ်လာ ၄.၈ သန်း လက်ခံရရှိထားကြောင်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG