သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မမှုအတွက် သံသယရှိသူနောက်တဦး အိန္ဒိယဖမ်းဆီး


အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုနဲ့ နောက်ဆုံးဖမ်းဆီးရမိသူကို ရဲဝန်ထမ်းတွေ ခေါ်ဆောင်လာစဉ်။ (သြဂုတ်လ ၂၄ ရက်၊ ၂၀၁၃)
အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုနဲ့ နောက်ဆုံးဖမ်းဆီးရမိသူကို ရဲဝန်ထမ်းတွေ ခေါ်ဆောင်လာစဉ်။ (သြဂုတ်လ ၂၄ ရက်၊ ၂၀၁၃)
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ အမျိုးသမီး ဓာတ်ပုံသတင်းထောက်တဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုနဲ့ ဆက်နွယ်ပြီး ရဲကအလိုရှိနေတဲ့ လူ ၅ ဦးထဲက နောက်ဆုံး တယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

မွန်ဘိုင်းမြို့မှာ ပထမ ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ဆုံးကျန်နေတဲ့ သံသယရှိသူကို မြို့တော် နယူးဒေလီမှာ တနင်္ဂနွေနေ့က ရဲတွေက ဖမ်းမိခဲ့တာပါ။

သံသယရှိတဲ့ လူတွေထဲက တဦးရဲ့ မိသားစုဝင်တွေက အခုနောက်ဆုံး ဖမ်းဆီးရမိသူဟာ အသက်မပြည့်သေးတဲ့ လူငယ်တယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတွေကတော့ သူ့ရဲ့ အသက်အမှန်ကို သိရဖို့ စုံစမ်းနေပါတယ်။ ပြစ်မှုကို သူတကယ် ကျူးလွန်ကြောင်း တွေ့ရ ပြီး အသက်မပြည့်သေးတဲ့သူဖြစ်ရင် သူဟာ တခြားသူတွေထက် ပြစ်ဒဏ် ခံရမှု လျော့နည်းနိုင်ပါတယ်။

ကြာသပတေးနေ့က အုပ်စုလိုက် အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးဟာ အသက် ၂၀ ဝန်းကျင်အရွယ်ပဲ ရှိသေးတာဖြစ်ပြီး အခုဆေးရုံမှာ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိအောင် ထိန်းထားနိုင်ပြီလို့ ဆေးဝန်ထမ်းတွေ က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ နယူးဒေလီမြို့မှာ အုပ်စုလိုက်ဓမ္မပြုကျင့်တာ ခံခဲ့ရသူကတော့ သေဆုံးသွားခဲ့ပြီး အခုထိ အဲဒီအမှု မပြီးဆုံးသေးပါဘူး။ ဒီကိစ္စနဲ့ ဆက်နွယ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့နောက် အိန္ဒိယအစိုးရက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအတွက် ပြင်းထန် တဲ့ ပြစ်ဒဏ်တွေပေးဖို့ ဥပဒေချမှတ်ခဲ့ပါတယ်။
XS
SM
MD
LG