သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနံမည်ကျော် အဓမ္မမှု ကနဦးကြားနားမှု စတင်


အမျိုးသမီးငယ်တဦးကို အဓမ္မပြုကျင့်မှုနဲ့ သံသယဖြစ်ဖွယ် ၅ ဦးကို အမှုစစ်ဆေးနေတဲ့ နယူးဒေလီမြို့က ခရိုင်တရားရုံးရှေ့ မြင်ကွင်း။ (ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၁၃)။
အမျိုးသမီးငယ်တဦးကို အဓမ္မပြုကျင့်မှုနဲ့ သံသယဖြစ်ဖွယ် ၅ ဦးကို အမှုစစ်ဆေးနေတဲ့ နယူးဒေလီမြို့က ခရိုင်တရားရုံးရှေ့ မြင်ကွင်း။ (ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၁၃)။
အိန္ဒိယနိုင်ငံမှာ အသက် (၂၃) နှစ်အရွယ် အမျိုးသမီးကို ဝိုင်းပြီးအဓမ္မကျင့်ခဲ့လို့ တနိုင်ငံလုံး အကြီးအကျယ် အမျက်ဒေါသထွက်စေခဲ့တဲ့အမှုကို ကျူးလွန်တယ်ဆိုတဲ့ အမျိုးသား ၅ ယောက်က သူတို့ အဲဒီအမှုကို မကျူးလွန်ကြောင်း ထွက်ဆိုသွားပါတယ်။ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့အမှုတွေနဲ့ ပတ်သတ်တဲ့ နယူးဒေလီ မြို့က တရားရုံးမှာ သူတို့က အပြစ်မရှိကြောင်း ထွက်ဆိုသွားတာလို့ တရားခံဘက်က ရှေ့နေတွေက ပြောပါတယ်။

တရားရုံးက မျက်မြင်သက်သေတွေကို ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်ကြားနာမှာဖြစ်ပါတယ်။ တရားရုံးကသာ သူတို့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် သေဒဏ်ကျကြမှာ ဖြစ်ပါတယ်။ အဲဒီသူတွေ အပြစ်ရှိပါတယ်လို့ ထွက်ဆိုအောင် ရဲက နှိပ်စက်ညှင်းပမ်းတယ်လို့ တရားခံရှေ့နေတွေ က ပြောပါတယ်။ နောက်တရားခံ တဦးကိုတော့ အသက်မပြည့်တဲ့အတွက် နောက်တရားခွင်နဲ့ သပ်သပ် စစ်ဆေးပါတယ်။

ဒီ ၆ ယောက်က သေဆုံးသူအမျိုးသမီးနဲ့ သူ့ရဲ့အဖော် အမျိုးသားကို သံဒုတ်နဲ့ ဝိုင်းရိုက်ကြပြီး အဓမ္မကျင့်ကြတော့လည်း သံချေးတက်နေတဲ့ ဒုတ်ကို အသုံးပြုခဲ့ကြတယ်လို့ စွပ်စွဲခံထားရတာပါ။ တိုက်ခိုက်ခံရပြီးနောက် ၂ ပတ်အကြာမှာပဲ အမျိုးသမီးလေးဟာ စင်္ကာပူနိုင်ငံက ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။
XS
SM
MD
LG