သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ဘိုင်းသတင်းထောက် မုဒိန်းမှု ၃ ဦး သေဒဏ်ပေး


အုပ်စုလိုက် နှစ်ကြိမ်မုဒိမ်းကျင့်ခဲ့သူ တရားခံတစ်ဦးကို တရားရုံးထုတ်လာစဉ်။ (ဧပြီ ၄၊ ၂၀၁၄)
အုပ်စုလိုက် နှစ်ကြိမ်မုဒိမ်းကျင့်ခဲ့သူ တရားခံတစ်ဦးကို တရားရုံးထုတ်လာစဉ်။ (ဧပြီ ၄၊ ၂၀၁၄)
အိန္ဒိယနိုင်ငံ မွန်ဘိုင်း မြို့က တရားရုံးတခုက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ၂ခုထက် မနည်းမှာ ပါဝင်ခဲ့သူ ၃ ယောက်ကို သေဒဏ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက စက်ရုံဟောင်းတခုမှာ ဓါတ်ပုံသတင်းထောက် အမျိုးသမီးကို အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့မှု နဲ့ သူတို့ သေဒဏ်ချခံခဲ့ရတာဖြစ်ပါတယ်၊ အဲဒီ့လူတွေဟာ ဒီအဆောက်အဦးမှာပဲ နောက်ထပ်အမျိုးသမီးတယောက်ကိုလဲ အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့ကြတဲ့အတွက်လဲ အပြစ်ပေးခံရတာပါပါတယ်။

၂၀၁၂ ဒီဇင်ဘာတုန်းက ဘတ်စ် ကားတစီးပေါ်မှာ အမျိုးသမီးတယောက်အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ခံခဲ့ရပြီးထဲက မုဒိမ်းမှုတွေအပေါ် ပြစ်ဒဏ်တွေ တိုးမြှင့်ခဲ့ပြီးနောက်မှာ ပထမဆုံး သေဒဏ်ပေးခဲ့တာဖြစ်ပါတယ်။

တခါ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက ဆယ်ကျော်သက် တယောက်ကို သီတင်းပါတ်နဲ့ချီ အဓမ္မပြုကျင့်ခဲ့မှုမှာ ပါဝင်သူ ၂၄ ယောက်ကို တရားသေလွှတ်ထားတာကို အိန္ဒိယတောင်ပိုင်း တရားရုံးတခုကလဲ ဒီကနေ့သောကြာနေ့မှာပဲ အမိန့်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

အမျိုးသားတယောက်ကို ထောင်ဒဏ် တစ်သက်နဲ့ ကျန်တဲ့ ၂၃ ယောက်ကို ထောင်ဒဏ် ၇ နှစ်ကနေ ၁၁ နှစ်အထိ Kerala ပြည်နယ်အဆင့်မြင့်တရားရုံးက ထောင်ဒဏ်တွေ
ချမှတ်ခဲ့ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးဟာ Kerala နဲ့ Tamil Nadu
ပြည်နယ်တွေထဲက နေရာစုံမှ ရက်ပေါင်း ၄၀ အတွင်း အမျိုးသား ၄၀ ထက်မနည်းရဲ့မုဒိမ်းကျင့်မှုကို ခံခဲ့ရပါတယ်။ ဒီမိန်းကလေးကို အဓမ္မပြုသူတွေထဲမှာပါမောက္ခတွေ၊ ရှေ့နေတွေ၊ စီးပွားရေးသမားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်တယ်လို့ တရားရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

၁၉၉၆ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက် အတွက် ၂၀၀၅ ခုနှစ်မှာ မသင်္ကာသူတွေ တရားသေလွတ်ခဲ့ပေမဲ့ အိန္ဒိယ နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး တရားရုံးက အမှုကိုပြန်လည် စစ်ဆေးဖို့ မနှစ်တုန်းက အမိန့်ချခဲ့တာဖြစ်ပါတယ်
XS
SM
MD
LG