သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသင်္ဘောသားတွေ ဆိုမာလီပင်လယ်ဓားပြလက်က လွတ်မြောက်


ထိုင်ဝမ်ငါးဖမ်းသင်္ဘောကို သိမ်းယူထားတဲ့ ဆိုမာလီပင်လယ်ဓားပြ
ထိုင်ဝမ်ငါးဖမ်းသင်္ဘောကို သိမ်းယူထားတဲ့ ဆိုမာလီပင်လယ်ဓားပြ

မြန်မာသင်္ဘောသားအများစု လိုက်ပါသွားတဲ့ ဘူဂေးရီးယား ကုန်တင်သင်္ဘောကို ဆိုမာလီ ပင်လယ်ဓားပြတွေလက်က ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အိန္ဒိယရေတပ်က ပြောလိုက်ပါတယ်။

Maltese မှတ်ပုံတင် MV Ruen ကုန်တင်သင်္ဘောကို ပင်လယ်ဓားပြတွေ ဖမ်းဆီးပြန်ပေးဆွဲသွားတာ ၃ လအကြာ အိန္ဒိယကမ်းလွန်ရေပြင်မှာ ပြန်လည်သိမ်းပိုက်ပြီး သင်္ဘောသားတွေကို ကယ်တင်ခဲ့တာလို့လည်း အိန္ဒိယရေတပ်က X လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။ သောကြာနေ့မှာ အိန္ဒိယတပ်ဖွဲ့တွေက သင်္ဘောကို ခြေရာခံမိခဲ့ပြီး နာရီ ၄၀ ကြာ ပင်လယ်ဓားပြတွေနဲ့ အပြန်အလှန် ပစ်ခတ်တာ အပါအဝင် ထိပ်တိုက်ရင်ဆိုင်ကြုံခဲ့ရပြီးနောက် သင်္ဘောကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းလည်း ပြောပါတယ်။

နိုင်ငံစုံပါဝင်တဲ့ စစ်ဆင်ရေးအတွင်း ပင်လယ်ဓားပြ ၃၅ ယောက် လက်နက်ချခဲ့ကြပြီး မြန်မာသင်္ဘောသား ၉ ဦး၊ ဘူဂေးရီးယား ၇ ဦးနဲ့ အင်ဂိုလာနိုင်ငံက ၁ ဦး စုစုပါင်း သင်္ဘောသား ၁၇ ယောက်ကတော့ အထိအခိုက် မရှိခဲ့ဘူးလို့လည်း အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ခဲ့တာပါ။ ယီမင်နိုင်ငံပိုင် ကျွန်းတခုအနီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက သင်္ဘောကို စီးနင်းချိန်က ဒဏ်ရာရခဲ့တဲ့ ဘူဂေးရီးယား သင်္ဘောသား တယောက်ကိုတော့ ပင်လယ်ဓားပြတွေက ပြန်လွှတ်ပေးခဲ့ပါတယ်။

Forum

XS
SM
MD
LG