သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင် တရုတ် ပင်လယ်တွင်း ကန်နဲ့ ပူးတွဲ ကင်းလှည့်ဖို့ အိန္ဒိယ ငြင်းဆန်


အမေရိကန်ကင်းလှည့်ရေယာဉ်။
အမေရိကန်ကင်းလှည့်ရေယာဉ်။

တောင်တရုတ်ပင်လယ်ထဲမှာ ပူးတွဲကင်းလှည့်တာပါဝင်ဖို့ အမေရိကန်ပြည်ထောင်စု က အဆိုပြုထားတာကို အိန္ဒိယနိုင်ငံက ပယ်ချ လိုက်ပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်ရေး အိန္ဒိယက အာရုံစိုက်ချင်တယ်လို့ ကျွမ်းကျင်သူ တွေကပြောပါတယ။ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေး တိုးတက်လာနေတဲ့ကြားကပဲ အမေရိကန်ပြည်ထောင်စုနဲ့ စစ်ဘက်မဟာမိတ်မှာ တစိတ်တပိုင်းပါဝင်ရမှာကို အိန္ဒိယက စိုးရိမ်နေဆဲပါ။

တောင်တရုတ်ပင်လယ်ထဲက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပြင်မှာ လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို ထိန်းသိမ်းတဲ့အနေနဲ့ အမေရိကန်နဲ့အတူ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယရေတပ်ဖွဲ့တွေ ပူးတွဲကင်းလှည့်ဖို့ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ် အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Harry B. Harris က မကြာသေးခင်က ပြောထားတာပါ။

ဒါပေမဲ့ အခုချိန်ထိ အိန္ဒိယအနေနဲ့ ဘယ်လို ပူးတွဲကင်းလှည့်တာမျိုးမှာမှ မပါဝင်ဖူးကြောင်း၊ ပူးတွဲစစ်ရေးလေ့ကျင့်တာကိုပဲ လုပ်တဲ့ အကြောင်း၊ ပူးတွဲကင်းလှည့်တာမှာ ပါဝင်မလားဆိုတဲ့မေးခွန်း မရှိတဲ့အကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Manohar Parrikar က ရက်ပိုင်းအတွင်းမှာပဲ ပြောပါတယ်။

ကုလသမဂ္ဂအလံအောက်မှာ လုပ်တဲ့ စစ်ရေးလုပ်ငန်းတွေမှာပဲ ပါဝင်တယ်ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ကို အိန္ဒိယ ရေတပ် ပြောခွင့်ရ D. K. Sharma က အထူးထောက်ပြပြောဆိုပါတယ်။

XS
SM
MD
LG