သုံးရလွယ်ကူစေသည့် Link များ

ရက်စက်တဲ့ မုဒိမ်းသမား အိန္ဒိယ တရားရုံးက လွှတ်ပေး


၂၀၁၂ ဒီဇင်ဘာ မုဒိမ်းမှုမှာ မုဒိမ်းသမားတွေကို ထိရောက်စွာ အရေးယူပေးဖို့ ဆန္ဒပြကြစဉ်။ (ဒီဇင်ဘာ ၁၉၊ ၂၀၁၂)

အိန္ဒိယနိုင်ငံမှာ အသက် ၂၃ နှစ်အရွယ် ကျောင်းသူတဦးကို မုဒိမ်းကျင့်ခဲ့သူတွေထဲက အသက်အငယ်ဆုံး မုဒိမ်းသမားကို သောကြာနေ့က ဒေလီ တရားလွှတ်တော်က လွှတ်ပေးလိုက်ပါပြီ။ ပြစ်မှုကျူးလွန်စဉ်က ဆယ်ကျော်သက် အရွယ်သာရှိသေးတဲ့ ဒီအကျဉ်းသား ကို တနင်္ဂနွေနေ့မှာ လွှတ်ပေးမှာ ဖြစ်ပါတယ်။

ဒီလို လွှတ် ပေးလိုက်တဲ့အတွက် သူ့ကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးသင့်တယ်လို့ ထင်မြင်သူတွေ အကြား ဒေါသတွေ ဖြစ်စေခဲ့ပါတယ်။ သူတို့ ရဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့် မှုကြောင့် အသက် ၂၃ နှစ်အရွယ် ကျောင်းသူ Jyoti Sign သေဆုံးခဲ့ ရတာပါ။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလတုန်းက ဒီကျောင်းသူလေးကို ဘတ်စ်ကားတစီးပေါ်မှာ လူ ၆ ယောက်က စော်ကားခဲ့တာ ဖြစ်ပါတယ်။ ဒီ ၆ ယောက်ထဲက အသက် အငယ်ဆုံး ဖြစ်တဲ့ အခု တရားခံဟာ ထိုစဉ်က ၁၇ နှစ် အရွယ်ဖြစ်ပြီး အရက်စက်ဆုံး မုဒိမ်းသမား ဖြစ်တဲ့ အပြင် မုဒိမ်းမကျင့်ခင် သူဟာ ကျောင်းသူ Sign ကို သံချောင်းနဲ့ ရိုက်နှက်ခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

သူ့ကို ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာ မဖေါ်ပြပဲ တံခါးပိတ် စီရင်ခဲ့တဲ့ တရားရုံး တရုံးက အသက် မပြည့်သေးသူတွေ အတွက် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့ပြီး ၄ယောက် ကိုတော့ သေဒဏ်ချမှတ်ခဲ့တာပါ။

အဖမ်းခံနေရတဲ့ မုဒိမ်းသမားကို ဆက်လက် ဖမ်းဆီးထားဖို့ ဗဟို အစိုးရရဲ့ လျှောက် ထားချက် ကို သောကြာနေ့မှာ တရားလွှတ်တော်က လက်မခံပဲ အခုလို ဆုံးဖြတ်ခဲ့ တာပါ။ ကျောင်းသူ Jyoti Sign ရဲ့ မိဘတွေကတော့ အတော့်ကို စိတ်ပျက် သွားကြတာ ဖြစ်ပါတယ်။

အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေက အခုလိုမုဒိမ်းသမားကို လွှတ်ပေးလိုက်တဲ့ အတွက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG