အိႏၵိယႏိုင္ငံမွာ ပထမဆုံး ႏွာေခါင္းအစက္ခ် ကိုဗစ္ကာကြယ္ေဆးကို ဒီသီတင္းပတ္ထဲ စအသုံးျပဳေနပါၿပီ။ ဒီေဆးကို လြန္ခဲ့တဲ့ ၄ လကစၿပီး အေရးေပၚ အသုံးျပဳခြင့္ ေပးခဲ့ေပမဲ့၊ ၿပီးခဲ့တဲ့လကမွ အျပည့္အဝ အသုံးျပဳခြင့္ ေပးခဲ့တာျဖစ္ၿပီး ဒီလ ၂၆ ရက္ေန႔မွာ စတင္ျဖန္႔ေဝတာပါ။
Bharat Biotech ကုမၸဏီထုတ္ ဒီကာကြယ္ေဆးကို ႏိုဝင္ဘာလတုန္းက အေရးေပၚ အသုံးျပဳခြင့္ေအာက္မွာ သက္ႀကီးသူေတြကို အားျဖည့္ကာကြယ္ေဆးအျဖစ္ အသုံးျပဳခြင့္ေပးခဲ့ၿပီး၊ ၾကာသပေတးေန႔ က်ေရာက္တဲ့ အိႏၵိယ သမၼတႏုိင္ငံေန႔မွာမွ အားလုံးသုံးခြင့္ရသြားတာပါ။
အေမရိကန္က ဝါ႐ွင္တန္ေဆးေက်ာင္း နည္းပညာသုံးထားတဲ့ ဒီႏွာေခါင္းအစက္ခ်ေဆးဟာ ႏွာေခါင္းအတြင္းနံရံ၊ အဆုပ္ေလႁပြန္အေပၚပိုင္းနဲ႔ အဆုပ္အေျမႇးပါးေတြမွာ ကိုယ္ခံအား ထည့္ေပးလိုက္ၿပီး၊ ႏွာေခါင္းက စဝင္လာမဲ့ ကိုဗစ္ပိုးကို တားဆီးႏိုင္တယ္လို႔ သိပၸံပညာ႐ွင္ေတြက ေျပာပါတယ္။
မူလအစက BBC154 လို႔ ေခၚခဲ့ၿပီး အခုေတာ့ INCOVACC ဆိုတဲ့ တံဆိပ္နဲ႔ ထြက္လာတဲ့ ဒီေဆးကို ပုဂၢလိက ေဆး႐ုံေတြမွာ ႐ူပီးေငြ ၈၀၀ ျဖစ္တဲ့ ေဒၚလာ ၁၀ ခန္႔ကုန္က်ၿပီး၊ အစိုးေရ ဆး႐ုံေတြမွာေတာ့ ႐ူပီးေငြ ၃၂၅ နဲ႔ ညီမွ်တဲ့ ၄ ေဒၚလာနဲ႔ ရႏိုင္ပါတယ္။ ဒီေဆးကို အိႏၵိယမွာ အသုံးမ်ားတဲ့ Covishield နဲ႔ Covaxin ၂ ႀကိမ္ထိုးၿပီးသားသူေတြမွာ၊ အားျဖည့္ကာကြယ္ေဆးအျဖစ္ တလခန္႔ျခား ၂ ႀကိမ္ခြဲ သုံးစြဲဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။
ေဆးထိုးအပ္ေတြ၊ အရက္ပ်ံေတြ၊ ဂြမ္း၊ ပတ္တီးစနဲ႔ ပလာစတာေတြမလိုဘဲ ပိုေစ်းသက္သာၿပီး အလြယ္တကူ အသုံးျပဳႏိုင္တဲ့ ဒီေဆးကို ကိုဗစ္ကူးစက္မႈေတြ ဆက္ၿပီး စိုးရိမ္ေနရခ်ိန္မွာ အခုလို တီထြင္ထုတ္လုပ္ အသုံးျပဳႏိုင္ခဲ့တာအတြက္ သမိုင္းဝင္ေအာင္ျမင္မႈအျဖစ္ အိႏၵိယ က်န္းမာေရးဝန္ႀကီးက ဒီေဆးစျဖန္႔တဲ့ေန႔မွာပဲ ေျပာခဲ့ပါေသးတယ္။
==== Unicode ====
အိန္ဒိယနိုင်ငံမှာ ပထမဆုံး နှာခေါင်းအစက်ချ ကိုဗစ်ကာကွယ်ဆေးကို ဒီသီတင်းပတ်ထဲ စအသုံးပြုနေပါပြီ။ ဒီဆေးကို လွန်ခဲ့တဲ့ ၄ လကစပြီး အရေးပေါ် အသုံးပြုခွင့် ပေးခဲ့ပေမဲ့၊ ပြီးခဲ့တဲ့လကမှ အပြည့်အဝ အသုံးပြုခွင့် ပေးခဲ့တာဖြစ်ပြီး ဒီလ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေတာပါ။
Bharat Biotech ကုမ္ပဏီထုတ် ဒီကာကွယ်ဆေးကို နိုဝင်ဘာလတုန်းက အရေးပေါ် အသုံးပြုခွင့်အောက်မှာ သက်ကြီးသူတွေကို အားဖြည့်ကာကွယ်ဆေးအဖြစ် အသုံးပြုခွင့်ပေးခဲ့ပြီး၊ ကြာသပတေးနေ့ ကျရောက်တဲ့ အိန္ဒိယ သမ္မတနိုင်ငံနေ့မှာမှ အားလုံးသုံးခွင့်ရသွားတာပါ။
အမေရိကန်က ဝါရှင်တန်ဆေးကျောင်း နည်းပညာသုံးထားတဲ့ ဒီနှာခေါင်းအစက်ချဆေးဟာ နှာခေါင်းအတွင်းနံရံ၊ အဆုပ်လေပြွန်အပေါ်ပိုင်းနဲ့ အဆုပ်အမြှေးပါးတွေမှာ ကိုယ်ခံအား ထည့်ပေးလိုက်ပြီး၊ နှာခေါင်းက စဝင်လာမဲ့ ကိုဗစ်ပိုးကို တားဆီးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
မူလအစက BBC154 လို့ ခေါ်ခဲ့ပြီး အခုတော့ INCOVACC ဆိုတဲ့ တံဆိပ်နဲ့ ထွက်လာတဲ့ ဒီဆေးကို ပုဂ္ဂလိက ဆေးရုံတွေမှာ ရူပီးငွေ ၈၀၀ ဖြစ်တဲ့ ဒေါ်လာ ၁၀ ခန့်ကုန်ကျပြီး၊ အစိုးရေ ဆးရုံတွေမှာတော့ ရူပီးငွေ ၃၂၅ နဲ့ ညီမျှတဲ့ ၄ ဒေါ်လာနဲ့ ရနိုင်ပါတယ်။ ဒီဆေးကို အိန္ဒိယမှာ အသုံးများတဲ့ Covishield နဲ့ Covaxin ၂ ကြိမ်ထိုးပြီးသားသူတွေမှာ၊ အားဖြည့်ကာကွယ်ဆေးအဖြစ် တလခန့်ခြား ၂ ကြိမ်ခွဲ သုံးစွဲဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဆေးထိုးအပ်တွေ၊ အရက်ပျံတွေ၊ ဂွမ်း၊ ပတ်တီးစနဲ့ ပလာစတာတွေမလိုဘဲ ပိုဈေးသက်သာပြီး အလွယ်တကူ အသုံးပြုနိုင်တဲ့ ဒီဆေးကို ကိုဗစ်ကူးစက်မှုတွေ ဆက်ပြီး စိုးရိမ်နေရချိန်မှာ အခုလို တီထွင်ထုတ်လုပ် အသုံးပြုနိုင်ခဲ့တာအတွက် သမိုင်းဝင်အောင်မြင်မှုအဖြစ် အိန္ဒိယ ကျန်းမာရေးဝန်ကြီးက ဒီဆေးစဖြန့်တဲ့နေ့မှာပဲ ပြောခဲ့ပါသေးတယ်။