သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရုရွား-ယူကရိန္း သမၼတ ၂ ဦး တိုက္ရိုက္ေဆြးေႏြး ဖို႔အိႏၵိယဝန္ႀကီးခ်ဳပ္တိုိက္တြန္း


Russian President Vladimir Putin, right, shakes hands with Indian Prime Minister Narendra Modi during their meeting on the sideline of the 11th edition of the BRICS Summit, in Brasilia, Brazil November 13, 2019. Pavel Golovkin/Pool via REUTERS

ရုရွား-ယူကရိန္းပဋိပကၡကုိေျဖရွင္းႏုိင္ဖုိ့ ယူကရိန္းသမၼတ ဇာလင္းစကီးနဲ့ တုိက္ရုိက္ေဆြးေႏြးဖို့ ရုရွားသမၼတ ဗလာဒီမာ ပူတင္ကုိ အိႏၵိယသမတ နရိန္ဒါ မုိဒီ ကတနလၤာေန့မွာတုိက္တြန္းလုိက္ပါတယ္။

ႏွစ္ႏုိင္ငံအၾကားေစ့စပ္ေဆြးေႏြးေရးနဲ့ပတ္သက္ၿပီး သမၼတမုိဒီက ယူကရိန္း သမၼတဇာလင္းစကီးကုိ ဖုန္းနဲ့ဆက္သြယ္ေျပာဆုိခဲ့သလုိ၊ ရုရွားသမၼတ ပူတင္နဲ့လည္းမိနစ္ ၅၀ ၾကာဖုန္းနဲ့ဆက္သြယ္စကားေျပာခဲ့ၿပီး၊ ယူကရိန္းနဲ့ တုိက္ရုိက္ေဆြးေႏြးဖုိ့ သမၼတပူတင္ကုိ တုိက္တြန္းခဲ့တယ္လုိ့အမည္မေဖၚ လုိတဲ့အိႏၵိယအစုိးရတာ၀န္ရွိသူကေျပာဆုိပါတယ္။

ယူကရိန္းသမၼတ ဇာလင္းစကီးနဲ့ေျပာဆုိစဥ္မွာလည္း လူသားခ်င္းစာနာမွု အၾကပ္အတည္းနဲ့ယူကရိန္းျပည္သူေတြအတြက္လြန္စြာမွ စိတ္မေကာင္း ျဖစ္မိတယ္လုိ့ သမၼတမုိဒီကေဖၚျပခဲ့ေၾကာင္း အိႏၵိယအစုိးရေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ ဒါ့အျပင္ယူကရိန္းအေရွ့ဖက္ျခမ္းမွာပိတ္မိေနတဲ့ အိႏၵိယ ပညာေတာ္သင္ေက်ာင္းသားမ်ားနဲ့ ဆူမီ Sumy ၿမိဳ႕က အိႏၵိယႏုိင္ငံသား ၇၀၀ ေက်ာ္ကုိကယ္ထုတ္ႏုိင္ဖုိ့ကိစၥေတြကုိလည္း သမၼတမုိဒီကေျပာဆုိခဲ့တယ္လုိ့ အိႏၵိယအစိုးရတာ၀န္ရွိသူကေျပာဆုိခဲ့သလုိ ေၾကညာခ်က္မွာလည္းေဖၚျပ ထားပါတယ္။

================

ရုရှား-ယူကရိန်း သမ္မတ ၂ ဦး တိုက်ရိုက်ဆွေးနွေးဖို့အိန္ဒိယဝန်ကြီးချုပ်တိုက်တွန်း

ရုရှား-ယူကရိန်းပဋိပက္ခကိုဖြေရှင်းနိုင်ဖို့ ယူကရိန်းသမ္မတ ဇာလင်းစကီးနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အိန္ဒိယသမတ နရိန်ဒါ မိုဒီ ကတနင်္လာနေ့မှာတိုက်တွန်းလိုက်ပါတယ်။

နှစ်နိုင်ငံအကြားစေ့စပ်ဆွေးနွေးရေးနဲ့ပတ်သက်ပြီး သမ္မတမိုဒီက ယူကရိန်း သမ္မတဇာလင်းစကီးကို ဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့သလို၊ ရုရှားသမ္မတ ပူတင်နဲ့လည်းမိနစ် ၅၀ ကြာဖုန်းနဲ့ဆက်သွယ်စကားပြောခဲ့ပြီး၊ ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ သမ္မတပူတင်ကို တိုက်တွန်းခဲ့တယ်လို့အမည်မဖေါ် လိုတဲ့အိန္ဒိယအစိုးရတာဝန်ရှိသူကပြောဆိုပါတယ်။

ယူကရိန်းသမ္မတ ဇာလင်းစကီးနဲ့ပြောဆိုစဉ်မှာလည်း လူသားချင်းစာနာမှု အကြပ်အတည်းနဲ့ယူကရိန်းပြည်သူတွေအတွက်လွန်စွာမှ စိတ်မကောင်း ဖြစ်မိတယ်လို့ သမ္မတမိုဒီကဖေါ်ပြခဲ့ကြောင်း အိန္ဒိယအစိုးရကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင်ယူကရိန်းအရှေ့ဖက်ခြမ်းမှာပိတ်မိနေတဲ့ အိန္ဒိယ ပညာတော်သင်ကျောင်းသားများနဲ့ ဆူမီ Sumy မြို့က အိန္ဒိယနိုင်ငံသား ၇၀၀ ကျော်ကိုကယ်ထုတ်နိုင်ဖို့ကိစ္စတွေကိုလည်း သမ္မတမိုဒီကပြောဆိုခဲ့တယ်လို့ အိန္ဒိယအစိုးရတာဝန်ရှိသူကပြောဆိုခဲ့သလို ကြေညာချက်မှာလည်းဖေါ်ပြ ထားပါတယ်။

XS
SM
MD
LG