သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ကိုဗစ်ကူးစက်မှု တနေ့အတွင်း ၄၅ ၀၀၀ ကျော်


Virus Outbreak India
Virus Outbreak India

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူဟာ တနင်္ဂနွေနေ့မှာ နောက်ထပ်အကူးစက်ခံရသူ ၄၅ ၀၀၀ ကျော်ရှိနေတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ အိန္ဒိယတောင်ပိုင်း Kerala ပြည်နယ်အတွင်း ကူးစက်မှုအများအပြား တိုးလာတာကြောင့် ဖြစ်ပါတယ်။

အိန္ဒိယမှာ အခုချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၂.၇ သန်းလောက်နဲ့ကမ္ဘာမှာ ဒုတိယအများဆုံး အကူးစက်ခံနေရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း နောက်ထပ် သေဆုံးရသူက ၄၆၀ ရှိနေတဲ့အတွက် အခုဆို သေဆုံးရသူ စုစုပေါင်းကလည်း ၄ သိန်း ၃ သောင်း ကျော်သွားပြီဖြစ်ပါတယ်။

Kerala ပြည်နယ်မှာ ကောက်ရိတ်သိမ်းပွဲတော် ကျင်းပခဲ့တဲ့ နောက် စနေနေ့ နောက်ထပ် ကူးစက်သူ ၃၁ ၀၀၀ ကျော်ရှိခဲ့တာကြောင့် နေ့စဉ်ကူးစက်မှု စုစုပေါင်းရဲ့ ၇၀ % လောက် အထိ ဖြစ်သွားတာပါ။ ဒါကြောင့် ကူးစက်မှုသိပ်များတဲ့ဒေသတွေ အတွက် ပြည်နယ်အစိုးရက စနေနေ့မှာပဲ အရေးပေါ်အခြေနေမှအပ အသွားအလာတွေ ကန့်သတ်တဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူက တနင်္ဂနွေနေ့ အထိဆို ၂၁၆ သန်းကျော်ရှိနေပြီး သေဆုံးရသူက ၄ သန်းခွဲနီးပါးရှိနေပါပြီ။ ကာကွယ်ဆေး ထိုးနှံပြီးသူက ကမ္ဘာတလွှားမှာ သန်းပေါင်း ၅၂၀၀ နီးပါး ရှိနေတာပါ။ အမေရိကန်နိုင်ငံက ကူးစက်သူ ၃၉ သန်းနီးပါးနဲ့ အများဆုံးဖြစ်ပြီး ကူးစက်သူ ၃၂ သန်းကျော်ရှိတဲ့အိန္ဒိယက ဒုတိယအများဆုံးဖြစ်ပါတယ်။

----------------------------

အိန်ဒိယ ကိုဗဈကူးစကျမှု တနေ့အတှငျး ၄၅ ၀၀၀ ကြောျ





XS
SM
MD
LG