သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသားစားခြင်္သေ့ ထောင်ဒဏ်တသက်


အိန္ဒိယနိုင်ငံ က (Asiatic lion) ခြင်္သေ့။
အိန္ဒိယနိုင်ငံ က (Asiatic lion) ခြင်္သေ့။

လူသားစားတယ်လို့ စွပ်စွဲခံရပြီးနောက် - အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Gir အမျိုးသားသစ်တော ဥယျာဉ်ထဲက အာရှအနွယ် ခြသေ့ၤ ၁၇ ကောင်ကို ဖမ်းဆီးလိုက်ပါတယ်။ ခြင်္သေ့တွေရဲ့ မစင်တွေမှာ လူတွေရဲ့ ဆံပင် ဒါမှမဟုတ် အသားစတွေ ရှိ မရှိ စစ်ဆေးပြီးနောက်ပိုင်း မှာတော့ - လူသားစားတယ်လို့ဆိုတဲ့ ဒီခြင်္သေ့တွေကို ဘာလုပ်သင့်သလဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။

Gir အမျိုးသားသစ်တောဥယျာဉ်ရဲ့ သစ်တောထိန်းသိမ်းရေးအကြီးအကဲ AP Singh ကတော့ - ဒီခြင်္သေ့တွေဟာ ကေသရာဇာခြင်္သေ့မင်းတွေ ဖြစ်ကြပြီး - လူသား မစားဘူး လို့ ပြောပါတယ်။ လူတွေပြောတဲ့ ကောလဟာလတွေ ကို ရှောင်ကြဉ် သင့်ပြီး - ဒါဟာ မတော်တဆဖြစ်ရပ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

လတ်တလောမှာတော့ အရွယ်ရောက်နေပြီဖြစ်တဲ့ ခြင်္သေ့အထီးတကောင်နဲ့ အရွယ်မရောက် တရောက် အမနှစ်ကောင်ကို - လူသားစားတဲ့ အတွက် အပြစ်ရှိတယ်လို့ လူသိရှင်ကြား ကြေညာထားပြီး၊ ရာသက်ပန် လှောင်အိမ်ခတ် ခံရမှာ ဖြစ်ပါတယ်။

ခြင်္သေ့ကောင်ရေ ပုံမှန်တိုးပွားလာနေရာမှာ Gir တောအုပ်ထဲက ခြင်္သေ့ တဝက်လောက်သာ ဒီနှစ်ထဲ သားပေါက်ဦးမယ်ဆိုရင် - ခြင်္သေ့ကောင်ရေ ၁၅၀ ကနေ ၂၀၀ အထိ တိုးလာလိမ့်မယ်လို့လည်း သစ်တောထိန်းသိမ်းရေး လက်ထောက်အရာရှိက ပြောဆိုခဲ့ပါတယ်။

ခြင်္သေ့ကောင်ရေ တိုးလာတဲ့အတွက် နေစရာရှားပါးလာသလို၊ ခြင်္သေ့နဲ့ လူတွေကြား ပြဿနာတွေလည်း ပေါ်ပေါက်လာနေတာ ဖြစ်ပါတယ်။

လူသားစားခြင်္သေ့ ထောင်ဒဏ်တသက်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG