သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေပ ၆၀ ရွည္ သံတံတား ေပ်ာက္ဆုံးမႈ ဘယ္သူ႔လက္ခ်က္လဲ


အိႏၵိယႏုိင္ငံ ဘီဟာျပည္နယ္ျပေျမပုံ။

(Zawgyi / Unicode)

ေပ ၆၀ ခန္႔ ရွည္လ်ားတဲ့ သံတံတားတခုကို ၿဖဳိဖ်က္ခိုးယူၿပီး ေရာင္းစားခဲ့ဟန္ရွိတဲ့ လူတစုကို အိႏၵိယႏိုင္ငံ ရဲတပ္ဖြဲ႔က လိုက္လံရွာေဖြေနပါတယ္။

အိႏၵိယအေရွ႕ပိုင္း ဘီဟာျပည္နယ္မွာ ဆည္ေျမာင္းဝန္ထမ္းေတြလို ဟန္ေဆာင္ထားတဲ့ သူခိုးေတြက သံျဖတ္ကိရိယာေတြ၊ ေျမေကာ္စက္ေတြ အသုံးျပဳၿပီး Amiyamar ေက်းရြာက တံတားေဟာင္းတခုကို ၿဖဳိဖ်က္ ခိုးယူသြားၾကတာ ျဖစ္ပါတယ္။ သံတိုသံစ ေရာင္းခ်မႈဟာ အိႏၵိယႏိုင္ငံမွာ အျမတ္အစြန္းႀကီးမားတဲ့ စီးပြားေရးလုပ္ငန္းတခု ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ ေက်ာ္က ေဆာက္လုပ္ခဲ့တဲ့ ဒီတံတားေဟာင္းကို ၿဖဳိဖ်က္ေပးဖို႔ ေဒသခံေတြက ဆည္ေျမာင္းအာဏာပိုင္ေတြဆီ တင္ျပထားတာ ျဖစ္တယ္လို႔လည္း ရဲအရာရွိေတြက ေျပာပါတယ္။

ယႏၲရားႀကီးေတြ၊ သံျဖတ္ကိရိယာေတြ ကိုင္ေဆာင္ထားတဲ့ လူေတြဟာ ၿပီးခဲ့တဲ့ ၂ ရက္က ေန႔လယ္ပုိင္းအခ်ိန္မွာ ဒီတံတားကို လာၿပီး ၿဖဳိဖ်က္ခဲ့ၾကတာပါ။ ဆည္ေျမာင္းဌာနက သူတို႔ကို ငွားရမ္းထားတဲ့အတြက္ လာေရာက္ၿဖဳိဖ်က္ရတာ ျဖစ္တယ္လို႔ ေျပာေၾကာင္း မ်က္ျမင္ရြာသားတဦးက ေျပာပါတယ္။

ဒီအမႈကိုကိုင္တြယ္တဲ့ ရဲအရာရွိ Subash Kumar ကေတာ့ တံတားဖ်က္တဲ့အထဲက လူတခ်ဳိ႕ကို ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး က်န္တခ်ဳိ႕ကိုေတာ့ စုံစမ္းဆဲျဖစ္တယ္လို႔ ဆိုပါတယ္။ သူတို႔ကို ျပည္သူပိုင္ပစၥည္း ဖ်က္ဆီးမႈ၊ တံတားခိုးယူမႈအတြက္ အေရးယူသြားမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ပေ ၆၀ ရှည် သံတံတား ပျောက်ဆုံးမှု ဘယ်သူ့လက်ချက်လဲ

ပေ ၆၀ ခန့် ရှည်လျားတဲ့ သံတံတားတခုကို ဖြိုဖျက်ခိုးယူပြီး ရောင်းစားခဲ့ဟန်ရှိတဲ့ လူတစုကို အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

အိန္ဒိယအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ ဆည်မြောင်းဝန်ထမ်းတွေလို ဟန်ဆောင်ထားတဲ့ သူခိုးတွေက သံဖြတ်ကိရိယာတွေ၊ မြေကော်စက်တွေ အသုံးပြုပြီး Amiyamar ကျေးရွာက တံတားဟောင်းတခုကို ဖြိုဖျက် ခိုးယူသွားကြတာ ဖြစ်ပါတယ်။ သံတိုသံစ ရောင်းချမှုဟာ အိန္ဒိယနိုင်ငံမှာ အမြတ်အစွန်းကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတခု ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ဆောက်လုပ်ခဲ့တဲ့ ဒီတံတားဟောင်းကို ဖြိုဖျက်ပေးဖို့ ဒေသခံတွေက ဆည်မြောင်းအာဏာပိုင်တွေဆီ တင်ပြထားတာ ဖြစ်တယ်လို့လည်း ရဲအရာရှိတွေက ပြောပါတယ်။

ယန္တရားကြီးတွေ၊ သံဖြတ်ကိရိယာတွေ ကိုင်ဆောင်ထားတဲ့ လူတွေဟာ ပြီးခဲ့တဲ့ ၂ ရက်က နေ့လယ်ပိုင်းအချိန်မှာ ဒီတံတားကို လာပြီး ဖြိုဖျက်ခဲ့ကြတာပါ။ ဆည်မြောင်းဌာနက သူတို့ကို ငှားရမ်းထားတဲ့အတွက် လာရောက်ဖြိုဖျက်ရတာ ဖြစ်တယ်လို့ ပြောကြောင်း မျက်မြင်ရွာသားတဦးက ပြောပါတယ်။

ဒီအမှုကိုကိုင်တွယ်တဲ့ ရဲအရာရှိ Subash Kumar ကတော့ တံတားဖျက်တဲ့အထဲက လူတချို့ကို ဖော်ထုတ်နိုင်ခဲ့ပြီး ကျန်တချို့ကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ တံတားခိုးယူမှုအတွက် အရေးယူသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG