သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ စတော့ဈေးကွက် ပြည်ပရင်းနှီးမြှုပ်နှံခွင့် ပြုမည်


အိန္ဒိယ စတော့ဈေးကွက် ပြည်ပရင်းနှီးမြှုပ်နှံခွင့် ပြုမည်
အိန္ဒိယ စတော့ဈေးကွက် ပြည်ပရင်းနှီးမြှုပ်နှံခွင့် ပြုမည်

အိန္ဒိယနိုင်ငံမှာ ပြည်ပက ငွေပင်ငွေရင်းတွေကို ဆွဲဆောင်သွားနိုင်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ စတော့ရှယ်ယာ ဈေးကွက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက် လုပ်ကိုင်ခွင့် ပြုလိုက်ပါတယ်။ ရင်းနှီးမြှုပ်နှံသူ အတန်းအစားတွေ ပိုမိုကျယ်ပြန့်လာစေဖို့၊ ပြည်ပက အရင်းအနှီးတွေကို ဆွဲဆောင်ဖို့နဲ့ ဈေးကွက် မတည်မငြိမ်ဖြစ်မယ့် အခြေအနေတွေကို လျှော့ချသွားနိုင်ဖို့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဈေးကွက်ထဲမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံခွင့် ပေးသွားမှာ ဖြစ်တယ်လို့ အစိုးရက တနင်္ဂနွေနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

ဥပဒေသစ်တွေကိုတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ ဒီမတိုင်မီမှာတုန်းကတော့ နိုင်ငံခြားသားတွေအနေနဲ့ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုတွေ၊ အဖွဲ့အစည်းတွေ၊ ဌာနတွေက အစီအစဉ်တွေက တဆင့်သာ အိန္ဒိယ စတော့ရှယ်ယာ ဈေးကွက်တွေထဲမှာ ရင်းနှီးမြှုပ်နှံခွင့် ရှိပါတယ်။

အိန္ဒိယနိုင်ငံ စီးပွားရေးဟာ လတ်တလောမှာ အတိုးနှုန်း တိုးမြှင့်မှုတွေ ဆက်တိုက်ဆိုသလို လုပ်နေရတာ၊ ငွေကြေးဖောင်းပွမှုနှုန်း တက်လာတာ၊ ပြည်တွင်းသုံး ရူပီးငွေတန်ဖိုး ကျဆင်းလာတာ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG