သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဘုရားကျောင်းမီး လူ ၁၀၀ ထက်မနည်း သေဆုံး


အိန္ဒိယနိုင်ငံမှာ ဘုရားကျောင်းမီးလောင်ပြီး လူ ၁၀၀ ထက်မနည်း သေဆုံးသွားပါတယ်။
အိန္ဒိယနိုင်ငံမှာ ဘုရားကျောင်းမီးလောင်ပြီး လူ ၁၀၀ ထက်မနည်း သေဆုံးသွားပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်က ဘုရားကျောင်းတခုမှာ တနင်္ဂနွေနေ့အစောပိုင်းက ကြီးမားတဲ့ မီးလောင်မှုတခုဖြစ်ပွားခဲ့လို့လူ ၁၀၀ လောက်သေဆုံးပြီး ဘုရားဖူး ရာနဲ့ ချီ ဒဏ်ရာရခဲ့ပါတယ်။

ဘုရားကျောင်းနှစ်ပတ်လည် ဘာသာရေးပွဲတော်ရဲ့ မီးရှူးမီးပန်း တွေကို ကြည်ရှုဖို့ ထောင်နဲ့ချီတဲ့ ဘုရားဖူးတွေ စုရုံးနေချိန်မှာ အခုလို မီးလောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ဝမ်းနည်းစရာ မီးလောင်ကျွမ်းမှု ဟာ ပြည်နယ်မြို့တော် Thiruvananthapuram နဲ့ ကီလို မီတာ ၇၀ လောက်အကွာ Kollam ခရိုင် Paravur ကမ်းရိုးတန်းမြို့ က Puttingal Devi ဘုရားကျောင်းနားမှာ မီးရှူးမီးပန်း ဖောက်ပြီး နာရီအနည်းငယ်အကြာ မနက်ခင်း ၃ နာရီလောက် မှာ ဖြစ်ပွားခဲ့တာပါ၊

မီးရှူးမီးပန်း လောင်စာတွေ အများကြီးသိုလှောင်ထားတဲ့ တဲငယ်ပေါ်ကို မီးပွားတခုကျပြီး ဆက်တိုက်ဆိုသလို မီးလောင်ပေါက်ကွဲမှုတွေဖြစ်ပြီးတော့ မီးခိုးပြာနဲ့မီးပွားတွေတမဟုတ်ချင်း်ပျံ့နှံ့ခဲ့ပါတယ်။

ဒါကြောင့် ဘုရားကျောင်း တာဝန်ရှိသူတွေရဲ့ ရုံးခန်း တစစီပျက်စီးပြီး ဘုရားကျောင်းအမိုးတစိတ်တပိုင်း မီးကျွမ်း ပျက်စီးခဲ့ပါတယ်။ ကြီးမားတဲ့ မီးခိုးလုံးကြီးတွေကိုလည်း ညဘက် ကောင်းကင်မှာ မြင်ကြရပါတယ်။ မီး လောင်ရာကနေ ကြောက်လန့်တကြားထွက်ပြေးလို့ လူအများကြီး လူအုပ်ပိ ဒဏ်ရာရတာတွေလဲရှိခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့က Paravur ကမ်းရိုးတန်းမြို့ကို ရောက်လာပြီး လက်နက်ကိုင်တပ်တွေကလည်း ဒဏ်ရာရသူတွေကိုဆေးရုံပို့ဆောင်ဖို့ အကူအညီပေးကြပါတယ်။ ဒဏ်ရာရသူတွေကို ပြည်နယ်ထဲက ပိုကြီးတဲ့ ဆေးရုံကို ပို့ပေးဖို့ ရေတပ်သင်္ဘော ၃ စီးနဲ့ ရဟတ်ယာဉ်တွေကို ပို့ထားတယ်လို့ ရေတပ်ပြောခွင့်ရသူ D.K. Sharma က VOA ကို ပြောပါတယ်။

XS
SM
MD
LG