သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှရေဘေး ကြိုတင်သတိပေးစနစ်အတွက် အိန္ဒိယကို တာဝန်ပေး


အိန္ဒိယ အရှေ့မြောက်ပိုင်း Assam ပြည်နယ်က ရေလွှမ်းသွားတဲ့ Ashigarh ရွာ လှေနဲ့ထွက်ခွာလာကြတဲ့ ရွာသားများ။ (ဇူလိုင် ၆၊ ၂၀၁၈)
အိန္ဒိယ အရှေ့မြောက်ပိုင်း Assam ပြည်နယ်က ရေလွှမ်းသွားတဲ့ Ashigarh ရွာ လှေနဲ့ထွက်ခွာလာကြတဲ့ ရွာသားများ။ (ဇူလိုင် ၆၊ ၂၀၁၈)

မြန်မာ၊ ဗီယက်နမ်၊ သိရီလင်္ကာ၊ ထိုင်း စတဲ့ နိုင်ငံတွေပါဝင်တဲ့ အာရှနိုင်ငံတွေ အတွက် ရေကြီးမှုကို ကြိုတင် သတိပေးနိုင်တဲ့ အထူးကိရိယာ ပြင်ဆင်ထုတ် လုပ်ဖို့ အိန္ဒိယနိုင်ငံကို WMO ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက တာဝန်ပေးလိုက်ကြောင်း အိန္ဒိယအဆင့်မြင့်အရာရှိ တဦးကပြောပါတယ်။

အိန္ဒိယ မိုးလေဝသဌာနအနေနဲ့ ရာသီဥတုအခြေအနေကို ကြိုတင်ခန့်မှန်းတဲ့ ကိရိယာကို ပြင်ဆင် ထုတ်လုပ် သွားဖို့ ရှိတယ်လို့ ကမ္ဘာ့ ရေထုမြေထုဆိုင်ရာ ဝန်ကြီးဌာန အတွင်းဝန် Dr. Madhavan Rajeevan က ပြော ကြောင်း The Hindu Daily သတင်းစာက စနေနေ့က ဖေါ်ပြထားပါတယ်။ ရေကြီးမှုကို အနည်း ဆုံး ခြောက်နာရီ ကြိုပြီး သတိပေးနိုင်တဲ့ ကိရိယာကို အမေရိကန်ပြည်ထောင်စုက အရင်ဆုံး တီထွင်ထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့ မိုးလေဝသအဖွဲ့ကြီးကို လှူဒါန်းခဲ့တာဖြစ် ပါတယ်။

Dr. Rajeevan ရဲ့အဆိုအရ အိန္ဒိယ မိုးလေဝသဌာနအနေနဲ့ အဲဒီကိရိယာကို စမ်းသပ်မှုတွေပြုလုပ်ထားပြီ ဖြစ်ပါတယ်။ Flash Flood Guidance System ရေကြီးမှု လမ်းညွန်စနစ်လို့ခေါ်တဲ့ ကိရိယာဟာ ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ မြေပုံတွေနဲ့ မြေပြင်မှာ လက်တွေ့ဖြစ်နေတဲ့ အခြေအနေအပေါ် စောင့်ကြည့် လေ့လာချက်ကို ပေါင်းစပ်ပြီး အသုံးပြုထားတာ ဖြစ်ပါတယ်။ အိန္ဒိယက အထူး ပြင်ဆင်ပြုလုပ်မယ့် ရာသီဥတုအခြေအနေ ခန့်မှန်းတဲ့ကိရိယာဟာ မိုးရွာ သွန်းမှု ဖြစ်နိုင်ခြေအပြင် ရေကြီးမှုဖြစ်နိုင်ခြေကို ကြိုတင်သတိပေးနိုင်ဖို့ မြေကြီး အစိုပြန်မှုအဆင့်တွေကို ကွန်ပြူတာနဲ့ တွက်ချက်ပြီး ကြိုတင်ခန့်မှန်းနိုင်ဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးရဲ့ ခန့်မှန်းချက်အရ ကမ္ဘာတဝှမ်း ရေကြီးမှုအန္တရာယ် ၈၅% ရှိနေပြီး အဲဒီအတွက် နှစ်စဉ် လူ ၅၀,၀၀၀ လောက် သေဆုံးတယ်လို့ ဆိုပါတယ်။

အာရှရေဘေး ကြိုတင်သတိပေးစနစ်အတွက် အိန္ဒိယကို တာဝန်ပေး
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG