သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရထားတိုက်မှု ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အဆုံးသတ်


အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာ သောကြာနေ့က ရထားတစင်း တိမ်းမှောက်ပျက်စီးပြီး သေဆုံးခဲ့ရသူ တွေထဲက ၁၄၆ ယောက်ရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးလုပ်သားတွေက ဆွဲထုတ်နိုင်ခဲ့ပြီး တဲ့နောက် အခုအခါမှာတော့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဆုံးသတ်လိုက်ပါပြီ။

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တဝန်း ရထားပို့ဆောင်ရေးလုပ်ငန်းတွေ ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြန်စခဲ့တယ်လို့ ပို့ဆောင်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။ မော်ဝါဒီသူပုန် တွေက ထုတ်ပစ်လိုက်ပုံရတယ်လို့ အာဏာပိုင်တွေကပြောတဲ့ ရထားလမ်းပိုင်းကို အလုပ်သမား တွေက ပြန်တပ်ဆင်ပြီးပါပြီ။

နိုင်ငံအရှေ့မြောက်ပိုင်း Kolkata မြို့ကနေ မွမ်ဘိုင်းမြို့ဆီ ခုတ်မောင်းပြေးဆွဲတဲ့ ခရီးသည်တင် အမြန်ရထား သောကြာနေ့က လမ်းချော်သွားပြီးတဲ့နောက် ကုန်တင်ရထားတစင်းနဲ့ ဝင်တိုက်မိ ပြီး လူ ရာပေါင်းများစွာ ဒဏ်ရာရခဲ့ကြပါတယ်။

အဲဒီနေရာဟာ ဆင်းရဲသားတွေနဲ့ မြေယာမဲ့တွေအတွက် တိုက်ပွဲဝင်နေတယ်လို့ဆိုတဲ့ Naxalites ခေါ် မော်ဝါဒီသူပုန်တွေရဲ့ အခိုင်အမာဒေသဖြစ်ပါတယ်။

XS
SM
MD
LG