သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ရထားတိုက်မှု လူ ၆၀ ကျော် သေဆုံး


အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၊ အနောက်ဘင်ဂေါ ပြည်နယ်မှာ တနင်္လာနေ့ အစောပိုင်းက ရထားတိုက်မှုဖြစ်လို့ ၆၁ ကျော် သေဆုံးပြီး ၁၂၀ လောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။

အနောက်ဘင်ဂေါပြည်နယ်ရဲ့ မြို့တော် ကိုလ်ကတ္တားမြို့ရဲ့ မြောက်ဘက် ၁၂၅ မိုင်လောက်မှာရှိတဲ့ စိန်သီယာ (Sainthia) ဘူတာရုံမှာ ရပ်ထားတဲ့ ရတားတစင်းကို အမြန်ရထားတစင်းက မနက် ၂ နာရီလောက်မှာ ဝင်တိုက်တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရထားတိုက်တဲ့ အရှိန်က အရမ်းပြင်းတဲ့အတွက် တွဲတခုက မြောက်သွားပြီး ရထားလမ်းပေါ်ကို ဖြတ်ဆောက်ထားတဲ့ ဂုံးကျော်တံတားကိုတောင် သွားတိုက်မိပါတယ်။

လိမ်ကောက် ပျက်ဆီးသွားတဲ့ ရထားတွဲတွေ ကြားကနေ အလောင်းတွေကို ကယ်ဆယ်ရေးတွေက ဆွဲထုတ်ခဲ့ရသလို ရထားလမ်းတွေကို ရှင်းဖို့ ကရိန်းလို ဝန်ချီစက်တွေကို အသုံးပြု ရှင်းလင်းနေကြပါတယ်။

ဘယ်လိုကြောင့် ရပ်ထားတဲ့ ရထားကို ရထားလမ်းတခုထဲက လာတဲ့ အမြန်ရထားက ဝင်တိုက်ရသလဲ ဆိုတာကို စုံစမ်း စစ်ဆေးနေတယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

ရထားတိုက်အောင် တမင်သက်သက် လုပ်တာလားဆိုတဲ့ ဖြစ်နိုင်ခြေကို ရထားဝန်ကြီးက မပယ်ချပေမဲ့ တခြား တာဝန်ရှိသူတွေကတော့ တိုက်ခိုက်တဲ့ လက္ခဏာတွေ မတွေ့ရဘူးလို့ ပြောပါတယ်။

XS
SM
MD
LG