သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အချက်ပြစနစ်အမှားကြောင့် အိန္ဒိယရထားချင်းတိုက် လူ ၃၀၀ နီးပါးသေဆုံး


Rescuers work at the site of passenger trains that derailed in Balasore district, in the eastern Indian state of Orissa, June 3, 2023.
Rescuers work at the site of passenger trains that derailed in Balasore district, in the eastern Indian state of Orissa, June 3, 2023.

အိန္ဒိယနိုင်ငံမှာ လူ ၃၀၀ လောက် သေဆုံးပြီး ၁၀၀၀ လောက်ဒဏ်ရာရခဲ့တဲ့ ရထားတိုက်မှုဟာ အီလက်ထရောနစ် အချက်ပေးစနစ် ချို့ယွင်းမှုကြောင် ဖြစ်တယ်လို့၊ အိန္ဒိယ မီးရထားဝန်ကြီးက ပြောကြပါတယ်။ အီလက်ထရောနစ် အချက်ပေးတဲ့ စနစ် ချို့ယွင်မှုကြောင့် ရထားက လမ်းကြောင်းမှားသွားခဲ့တာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဘယ်သူလုပ်ခဲ့တယ်ဆိုတာနဲ့ ဘာကြောင့်လုပ်တယ်ဆိုတာကတော့ စုံစမ်းစစ်ဆေးမှုတွေကနေ ပေါ်ထွက်လာမှာ ဖြစ်တယ်လို့ အိန္ဒိယ ရထားဝန်ကြီး Ashwini Vaishnaw က နယူးဒေလီရုပ်သံနဲ့ ဒီနေ့လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးသွားပြီးတဲ့နောက် ရထားတိုက်မှု ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို တရားဝင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှတော့ ရထားခရီးစဉ်တွေ ပြန်ပြေးဆွဲနိုင်ဖို့အတွက် ရထားလမ်း ရှင်းလင်းရေးလုပ်ငန်းတွေကို အလုပ်သမားတွေက လုပ်နေကြပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီဟာ မနေ့ကတော့ အဲဒီ ရထားတိုက်မှု ဖြစ်ခဲ့တဲ့နေရာကို နာရီဝက်လောက် သွားရောက်ခဲ့ပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ရထားတိုက်မှုမှာ ဒဏ်ရာရခဲ့တဲ့သူတွေကို ကုသပေးနေတဲ့ ဆေးရုံကိုသွားရောက်ပြီးတော့ ဒဏ်ရာရတဲ့သူတွေ၊ ဆရာဝန်တွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ အသက်မသေဘဲ ကျန်ရစ်တဲ့သူတွေကို တတ်နိုင်သလောက် အစွမ်းကုန် ကူညီပေးသွားပြီးတော့၊ ရထားတိုက်မှုမှာ တာဝန်ရှိတဲ့သူတွေကို အရေးယူသွားမယ်လို့ ဝန်ကြီးချုပ် မိုဒီက သတင်းထောက်တွေကို ပြောပါတယ်။

XS
SM
MD
LG