အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒေါ်လာသန်း ၁၀၀၀ ချေးလိုက်ပါတယ်။ ဒီချေးငွေဟာ ဘယ်တိုင်းပြည်ကိုပဲဖြစ်ဖြစ်၊ အိန္ဒိယနိုင်ငံက ချေးခဲ့သမျှငွေထဲမှာ အများဆုံးချေးငွေ ဖြစ်ပါတယ်။
အိန္ဒိယဘဏ္ဍာရေးဝန်ကြီး Pranab Mukherjee ဟာ ဘင်္ဂလားဒေ့ရှိနိုင်ငံ မြို့တော်ဒက္ကားမှာ ကျင်းပတဲ့ချေးငွေ လက်မှတ်ရေးထိုးပွဲကို တက် ရောက် လက်မှတ်ထိုးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘဏ္ဍရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အတိုး က ၁.၇၅% ဖြစ်ပြီး အနှစ် ၂၀ အတွင်း ပြန်ပေးဆပ်ရမှာ ဖြစ်ပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh နဲ့ ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင် Sheik Hasina တို့ ဒီနှစ် အစောပိုင်းမှာ တွေ့ဆုံခဲ့ကြစဉ်အတွင်း က ခုလို ချေးငွေချေးမှာကို ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့လကတော့ အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို ၅၀၀ မီဂါဝပ်အားရှိတဲ့ လျှပ်စစ်ဓါတ်အားပံ့ပိုးပေးဖို့ သဘောတူခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ စတင်ဖို့ ဖြစ်ပြီး ၃၅ နှစ်သက်တမ်းရှိမှာဖြစ်ပါတယ်။