သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်အင်္ဂါပြောင်းသူတွေ တတိယလိင်အဖြစ် အိန္ဒိယအသိအမှတ်ပြု


လိင်အင်္ဂါပြောင်းလဲထားသူတွေဟာ တန်းတူအခွင့်အရေးရသင့်တဲ့ တတိယလိင်ဖြစ်တယ်လို့ အသိအမှတ်ပြုပြီး ဥပဒေကြောင်းအရ တရားဝင် အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်တရပ်ကို အိန္ဒိယတရားလွှတ်တော်ချုပ်က ချမှတ်လိုက်ပါတယ်။

သတ်မှတ်ချက်ပြည့်မီတဲ့ လိင်အင်္ဂါပြောင်းလဲထားသူတွေကို ဆင်းရဲသားတွေအတွက် လူမှုဖူလုံရေး အစီအစဉ်တွေထဲမှာ ထည့်သွင်းပေးရမယ်လို့ တရားလွှတ်တော်ချုပ်ရဲ့ အင်္ဂါနေ့ သမိုင်းဝင်ဆုံးဖြတ်ချက်က ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရတွေကို ညွှန်ကြားထားပါတယ်။

တရားဝင် စာရွက်စာတမ်းတွေအားလုံးမှာ ကျား/မ ဆိုတာအပြင် တတိယလိင်ဆိုတဲ့ အမျိုးအစားကိုပါ ထည့်သွင်းဖော်ပြရတော့မှာပါ။ ထုံးတမ်း အစဉ်အလာ ကြီးမားတဲ့ တိုင်းပြည်မှာ ကာလရှည်ကြာ ဘေးဖယ်ထုတ်ထားခံခဲ့ရသူတွေ တန်းတူအခွင့်အရေး ရလာစေဖို့ အခုဆုံးဖြတ်ချက်က အထောက်အကူ ဖြစ်စေမယ်ဆိုပြီး လှုပ်ရှားသူတွေက ထောက်ခံကြပါတယ်။

အိန္ဒိယနိုင်ငံမှာ လိင်အင်္ဂါ ပြောင်းလဲထားသူတွေ ရှိနေတာ ရာစုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပေမဲ့လည်း မကြာခဏဆိုသလို အမုန်းတရား အခြေခံကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ကြုံတွေ့ကြရပါတယ်။

ရလဒ်အနေနဲ့ အများအပြားဟာ ဆင်းရဲနွမ်းပါးပြီး တောင်းစားရ ဒါမှမဟုတ် ပြည့်တန်ဆာ ဖြစ်ကုန်ကြပြီး လူ့အဖွဲ့အစည်း ပြင်ပကို
ရောက်သွားကြရပါတယ်။
XS
SM
MD
LG