သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီကိုဘာကျွန်းငလျင်ကြောင့် အိန္ဒိယနိုင်ငံမှာ ဆူနာမီ သတိပေးချက်ထုတ်


ဒီနေ့ တနင်္ဂနွေနေ့ မနက်စောစော ၂ နာရီလောက်က ပြင်းအား ၇.၅ ရှိတဲ့ မြေငလျင်ကြီးတခု အိန္ဒိယနိုင်ငံပိုင် နီကိုဘာကျွန်းစုအနီးမှာ ဗဟိုပြုလှုပ်ခတ်သွားတဲ့အတွက် မြန်မာနိုင်ငံအပါအ၀င်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ မလေးရှားနဲ့  အင်ဒိုနီးရှားတို့ လို အိန္ဒိယသမုဒ္ဒရာနဲ့  ထိစပ်နေတဲ့နိုင်ငံတွေအားလုံးကို ဆူနာမီဒီရေလှိုင်းသတိပေးချက်ထုတ်ပြန်ခဲ့ပေမဲ့ အိန္ဒိယနိုင်ငံကလွဲလို့ ကျန်နိုင်ငံတွေမှာတော့ အခု ပြန် ရုပ်သိမ်း လိုက်ပါပြီ။

ဒီလောက်ပြင်းအားကြီးတဲ့ မြေငလျင်ဟာ ဒေသတခွင်လုံးအထိ ပျက်စီးမှုတွေဖြစ်ပေါ်စေနိုင်ချေရှိတယ်လို့ အမေရိကန် ပစိဖိတ် ဆူနာမီ သတိပေးဌာနကပြောပါတယ်။

အမေရိကန်ဘူမိဗေဒလေ့လာတိုင်းတွာရေးဌာနရဲ့  အဆိုအရ ဒီမြေငလျင်ကြီးဟာ နီကိုဘာကျွန်းစုက မိုဟေးန်မြို့ရဲ့ အနောက်ဘက် ၉၃ မိုင်အကွာနေ ဗဟိုပြုပြီး သမုဒ္ဒရာအောက် ၂၂ မိုင် အနက်ကနေ လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

နီကိုဘာကျွန်းစုဟာ ထိုင်းနိုင်ငံတောင်ပိုင်းကနေ ကပ္ပလီပင်လယ် အထိ ကျွန်းငယ်လေးတွေတခုပြီးတခုဆက်ရှိနေတဲ့ ကျွန်းစုဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတုံးကတော့ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကမ်းလွန်ကနေ ပြင်းအား ၉ ရှိတဲ့ မြေငလျင်ကနေ ဖြစ်ပေါ်လာတဲ့ ဆူနာမီလှိုင်းလုံးကြီးတွေကြောင့် လူပေါင်း ၂ သိန်း ၃ သောင်းနီးပါသေးဆုံးခဲ့ရတာဖြစ်ပါတယ်။

XS
SM
MD
LG