သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိသျှ ၀န်ကြီးချုပ် ကုန်သွယ်ရေး အားဖြည့်ဖို့ အိန္ဒိယ ရောက်ရှိ


အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည် ရှင်သန်လာအောင် ကြိုးစားတဲ့အနေနဲ့ ၃ ရက်ကြာ ခရီးစဉ်အဖြစ် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) ဟာ အိန္ဒိယနိုင်ငံကို အင်္ဂါနေ့က ရောက်ရှိသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့ အဓိကထားတဲ့ အနေနဲ့ ဗြိတိန် စီးပွားရေးသမားတွေနဲ့ အစိုးရ အရာရှိတွေလည်း မစ္စတာ ကင်မရွန်းနဲ့အတူ လိုက်ပါလာခဲ့ကြပါတယ်။

အိန္ဒိယလို ထွန်းသစ်စ စီးပွားရေးရှိတဲ့ နိုင်ငံတွေနဲ့ စီးပွားရေး တွဲဖက် လုပ်ကိုင်ခြင်းအားဖြင့် ဗြိတိန်နိုင်ငံမှာ စီးပွားရေး ပြန်ကောင်းလာလိမ့်မယ်လို့ အစိုးရက ယူဆပါတယယ်။ အဲဒီကိုယ်စားလှယ် အဖွဲ့ထဲမှာ ဗြိတိန်နိုင်ငံက အဓိက ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ ငွေကြေးကုမ္ပဏီ ဘာ့ကလေနဲ့ ကာကွယ်ရေးကဏ္ဍက BAE ကုမ္ပဏီတို့ရဲ့ အမှုဆောင် အရာရှိချုပ်တွေလည်း ပါဝင်သွားကြပါတယ်။

၃ ရက်ကြာ အခုခရီးစဉ်အတွင်းမှာ မစ္စတာ ကင်မရွန်းက အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

အိန္ဒိယက စိုးရိမ်နေတဲ့ ကိစ္စတခုကတော့ လူဝင်မှု ကြီးကြပ်ရေးကို ဗြိတိန်အစိုးရက တင်းကျပ်မှာပဲ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ခဲ့ရင် ဗြိတိန်မှာ အလုပ်အကိုင် သွားရှာကြမယ့် ဆရာဝန်၊ သူနာပြု၊ အင်ဂျင်နီယာတွေအပေါ် အဆိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီး အာနန်ဒ် ရှာမာ (Anand Sharma) က ပြောပါတယ်။

XS
SM
MD
LG