သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှရေးရာ အိန္ဒိယ ပါဝင်မှု အမေရိကန် ကြိုဆို


အာရှရေးရာ အိန္ဒိယ ပါဝင်မှု အမေရိကန် ကြိုဆို

အရှေ့နဲ့ တောင်အာရှဒေသ ရေးရာတွေမှာ အိန္ဒိယက ပိုပြီးတော့ တက်တက်ကြွကြွ ပါဝင်လာတဲ့အပေါ် အမေရိကန်က ကြိုဆိုလိုက်ပြီး အိန္ဒိယနဲ့ တရုတ် ဆက်ဆံရေး တိုးတက်ဖို့အတွက် ကူညီဖို့ အသင့်ပဲလို့ ပြောလိုက်ပါတယ်။

ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်တဲ့၊ အထူးသဖြင့် တောင်အာရှနဲ့ ဂျပန်နိုင်ငံတွေနဲ့ အိန္ဒိယ ဆက်ဆံရေး တိုးတက်လာတဲ့ အပေါ်မှာ အမေရိကန်က အသိအမှတ်ပြုတယ်လို့ မကြာခင်တုန်းက အာရှခရီးစဉ် ထွက်ခဲ့သူ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ဘဲလ် (Kurt Cambpell) က မနေ့တုန်းက ၀ါရှင်တန်မြို့တော်မှာ သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒေသတွင်းက ကိစ္စရပ် တော်တော်များများကို အိန္ဒိယနဲ့ တိုးမြှင့် ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အရှေ့အာရှနဲ့ တောင်အာရှမှာ အိန္ဒိယနိုင်ငံရဲ့ အခန်းကဏ္ဍဟာ လာမယ့် ဆယ်စုနှစ်အတွင်း အရေးအပါဆုံး ဖွံ့ဖြိုးတိုးတက်မှုတခု ဖြစ်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ဟိုးအရင်ကတည်းက မပြေလည်မှုတွေ ရှိနေတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက်လာရေးကို အမေရိကန်က ထောက်ခံကြောင်းနဲ့ ဒီနှစ်နိုင်ငံရဲ့ ဆက်ဆံရေး ရှေ့တိုးဖို့ အတွက်လည်း အမေရိကန်က ကြားဝင် ဆောင်ရွက်ပေးဖို့ နည်းလမ်းတွေကို ရှာသွားမယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ဘဲလ်က သူ့ရဲ့ အာရှခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ရှင်းလင်းပြောပြတဲ့ပွဲမှာ မနေ့တုန်းက ပြောသွားပါတယ်။

XS
SM
MD
LG