သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု တိုက်ဖျက်ရေး အမေရိကန်နဲ့ အိန္ဒိယ ပူးပေါင်းဆောင်ရွက်မည်


အကြမ်းဖက်မှု တိုက်ဖျက်ရေး အမေရိကန်နဲ့ အိန္ဒိယ ပူးပေါင်းဆောင်ရွက်မည်
အကြမ်းဖက်မှု တိုက်ဖျက်ရေး အမေရိကန်နဲ့ အိန္ဒိယ ပူးပေါင်းဆောင်ရွက်မည်

အကြမ်းဖက် အစွန်းရောက်သမားတွေရဲ့ ကွန်ရက်တွေကို တိုက်ခိုက်ရေးမှာ အမေရိကန်နဲ့ အိန္ဒိယတို့ဟာ တညီတညွတ်တည်း ရှိနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ဒီနေ့ ပြောလိုက်ပါတယ်။

အမိမြေ လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်မှုတွေကို တိုးမြှင့် ဆောင်ရွက်သွားမယ်လို့လည်း အိန္ဒိယနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ်နဲ့ ရောက်နေတဲ့ ဝန်ကြီး ကလင်တန်က မြို့တော် နယူးဒေလီမှာ ပြောခဲ့တာပါ။

သူ့ရဲ့ခရီးစဉ်အတွင်း အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား နိုင်ငံရေးနဲ့ စီးပွားရေး ဆက်ဆံမှုတွေ ပိုပြီးတော့ ခိုင်မာလာအောင် ရည်ရွယ်ပြီးတော့ ဝန်ကြီး ကလင်တန်ဟာ အိန္ဒိယ ထိပ်တန်း အရာရှိကြီးတွေနဲ့ တွေ့ဆုံမှုတွေ လုပ်နေပါတယ်။

ဝန်ကြီး ကလင်တန်ဟာ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး ရှီဘက်ဆန်ကာ မီနွန်နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပြီး ပါကစ္စတန်နိုင်ငံတွင်း ခိုအောင်းနေကြတဲ့ အကြမ်းဖက်သမားတွေကို အမြစ်ပြတ် ချေမှုန်းရေးကိစ္စမှာ ပါကစ္စတန်ဘက်က ပိုပြီးတော့ လုပ်ဆောင်လာဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်ကြား ပြောဆိုမှုတွေကို ပြန်စဖို့ အမေရိကန်ဘက်ကလည်း တိုက်တွန်းလာခဲ့တယ်၊ ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်တာဟာ အကောင်းဆုံးပဲ ဆိုပြီးတော့လည်း ဝန်ကြီး ကလင်တန်က ပြောပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ပြီးခဲ့တဲ့ အပတ်တုန်းက ဗုံးခွဲ တိုက်ခိုက်မှုတွေ ရှိခဲ့တာကို ကြည့်မယ်ဆိုရင် အစွန်းရောက်သမားတွေကို ရင်ဆိုင်ဖို့ အရေးဟာ တကယ်ပဲ အရေးကြီးတယ်ဆိုတာ ပိုပြီးတော့ ထင်ရှားလာနေတယ်လို့ ဝန်ကြီး ကလင်တန်က ဆိုပါတယ်။ အဲဒီ မွမ်ဘိုင်းမြို့ ဗုံးဖောက်ခွဲမှုတွေကြောင့် လူ ၁၉ ဦး သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဝန်ကြီး ကလင်တန်ဟာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) အပါအဝင် တခြား ထိပ်တန်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

XS
SM
MD
LG