သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အစိုးရခြင့္ျပဳခ်က္မရဘဲ ဂ်ဳံျပည္ပတင္ပို႔မႈ အိႏၵိယတားျမစ္


အိႏၵိယက ဂ်ဳံစုိက္ခင္းတခု။ (ဧၿပီ ၂၈၊ ၂၀၂၂)

(Zawgyi / Unicode)

အိႏၵိယႏိုင္ငံမွာ မတ္လအတြင္း စံခ်ိန္တင္ အပူျပင္းဆံုးျဖစ္ခဲ့တာေၾကာင့္ စိုက္ပ်ိဳးထုတ္လုပ္မႈ ထိခိုက္ခဲ့ရၿပီးေနာက္ အစိုးရခြင့္ျပဳခ်က္မရွိဘဲ ျပည္ပကို ဂ်ံဳတင္ပို႔မႈ မလုပ္ဖို႔ စေနေန႔မွာ တားျမစ္လိုက္ပါတယ္။

႐ုရွားရဲ႕ ယူကရိန္းက်ဴးေက်ာ္စစ္ေနာက္ပိုင္း ကုန္စည္ရွားပါးၿပီး ေစ်းႏႈန္းႀကီးျမင့္မႈနဲ႔ ႀကံဳေနရတဲ့ ႏိုင္ငံေတြအတြက္ ေနာက္ထပ္အထိနာမႈ ျဖစ္ပါတယ္။

ဂ်ာမနီမွာ က်င္းပေနတဲ့ စက္မႈထိပ္သီး ၇ ႏိုင္ငံ G-7 စိုက္ပ်ိဳးေရးဝန္ႀကီးမ်ား ေဆြးေႏြးပြဲမွာေတာ့ အိႏၵိယအစိုးရရဲ႕ ေၾကညာခ်က္ကို ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ၿပီး ဒီလုပ္ရပ္ဟာဆိုရင္ စားေသာက္ကုန္ေစ်းႏႈန္း ႀကီးျမင့္မႈကို ပိုၿပီး ဆိုးရြားသြားေစမယ္လို႔ ေျပာဆိုၾကပါတယ္။

တင္ပို႔မႈကို စၿပီး တားျမစ္တာေတြ ဒါမွမဟုတ္လည္း ေစ်းကြက္ကိုပိတ္ပင္ဖို႔ ေဆာင္ရြက္တာေတြဟာ ျပႆနာကို ပိုၿပီး ဆိုးရြားသြားေစမယ္လို႔ ဂ်ာမနီ စိုက္ပ်ိဳးေရးဝန္ႀကီး Cem Ozdemir က Stuttgart မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ကမၻာ့ဂ်ံဳတင္ပို႔မႈရဲ႕ ၁၂ ရာခိုင္ႏႈန္းရွိတဲ့ ယူကရိန္းကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္း ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္မႈ ေနာက္ပိုင္းမွာေတာ့ ကုန္စည္မလံုေလာက္မႈ စိုးရိမ္ခ်က္နဲ႔ ကမၻာတလႊား ဂ်ံဳေစ်းတက္လာပါတယ္။

ဓာတ္ေျမၾသဇာ မလံုေလာက္မႈနဲ႔ စိုက္ပ်ိဳးထုတ္လုပ္မႈ က်ဆင္းမႈေတြေၾကာင့္ ေစ်းႏႈန္းႀကီးျမင့္မႈကို ပိုဆိုးေစၿပီး ကမၻာတလႊား ေငြေၾကးေဖာင္းပြမႈ ျဖစ္ေစသလို ဆင္းရဲတဲ့ႏိုင္ငံေတြမွာ ငတ္မြတ္ေခါင္းပါးမႈနဲ႔ လူမႈမတည္ၿငိမ္မႈေတြ ျဖစ္လာမယ့္ အေရးကိုလည္း စိုးရိမ္လာၾကပါတယ္။

အင္ဒိုနီးရွားက စားအုန္းဆီ ျပည္ပတင္ပို႔မႈကို ဆိုင္းငံ့လိုက္ၿပီး အိႏၵိယကလည္း ဂ်ံဳ ျပည္ပတင္ပို႔မႈကို ထိန္းခ်ဳပ္လာတာေၾကာင့္ ကိုယ္က်ိဳးစီးပြားကာကြယ္မႈ ပိုၿပီး ႀကီးထြားလာမယ့္ အေရးကိုလည္း စိုးရိမ္လာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

အစိုးရခွင့်ပြုချက်မရဘဲ ဂျုံပြည်ပတင်ပို့မှု အိန္ဒိယတားမြစ်

အိန္ဒိယနိုင်ငံမှာ မတ်လအတွင်း စံချိန်တင် အပူပြင်းဆုံးဖြစ်ခဲ့တာကြောင့် စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ခဲ့ရပြီးနောက် အစိုးရခွင့်ပြုချက်မရှိဘဲ ပြည်ပကို ဂျုံတင်ပို့မှု မလုပ်ဖို့ စနေနေ့မှာ တားမြစ်လိုက်ပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နောက်ပိုင်း ကုန်စည်ရှားပါးပြီး ဈေးနှုန်းကြီးမြင့်မှုနဲ့ ကြုံနေရတဲ့ နိုင်ငံတွေအတွက် နောက်ထပ်အထိနာမှု ဖြစ်ပါတယ်။

ဂျာမနီမှာ ကျင်းပနေတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ G-7 စိုက်ပျိုးရေးဝန်ကြီးများ ဆွေးနွေးပွဲမှာတော့ အိန္ဒိယအစိုးရရဲ့ ကြေညာချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဒီလုပ်ရပ်ဟာဆိုရင် စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ပိုပြီး ဆိုးရွားသွားစေမယ်လို့ ပြောဆိုကြပါတယ်။

တင်ပို့မှုကို စပြီး တားမြစ်တာတွေ ဒါမှမဟုတ်လည်း ဈေးကွက်ကိုပိတ်ပင်ဖို့ ဆောင်ရွက်တာတွေဟာ ပြဿနာကို ပိုပြီး ဆိုးရွားသွားစေမယ်လို့ ဂျာမနီ စိုက်ပျိုးရေးဝန်ကြီး Cem Ozdemir က Stuttgart မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကမ္ဘာ့ဂျုံတင်ပို့မှုရဲ့ ၁၂ ရာခိုင်နှုန်းရှိတဲ့ ယူကရိန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရုရှားက ကျူးကျော်တိုက်ခိုက်မှု နောက်ပိုင်းမှာတော့ ကုန်စည်မလုံလောက်မှု စိုးရိမ်ချက်နဲ့ ကမ္ဘာတလွှား ဂျုံဈေးတက်လာပါတယ်။

ဓာတ်မြေသြဇာ မလုံလောက်မှုနဲ့ စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းမှုတွေကြောင့် ဈေးနှုန်းကြီးမြင့်မှုကို ပိုဆိုးစေပြီး ကမ္ဘာတလွှား ငွေကြေးဖောင်းပွမှု ဖြစ်စေသလို ဆင်းရဲတဲ့နိုင်ငံတွေမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ လူမှုမတည်ငြိမ်မှုတွေ ဖြစ်လာမယ့် အရေးကိုလည်း စိုးရိမ်လာကြပါတယ်။

အင်ဒိုနီးရှားက စားအုန်းဆီ ပြည်ပတင်ပို့မှုကို ဆိုင်းငံ့လိုက်ပြီး အိန္ဒိယကလည်း ဂျုံ ပြည်ပတင်ပို့မှုကို ထိန်းချုပ်လာတာကြောင့် ကိုယ်ကျိုးစီးပွားကာကွယ်မှု ပိုပြီး ကြီးထွားလာမယ့် အရေးကိုလည်း စိုးရိမ်လာကြပါတယ်။

XS
SM
MD
LG