သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဆင်ရိုင်းများ သေဆုံးမှု စုံစမ်းစစ်ဆေးမည်


အိန္ဒိယဆင်ရိုင်းများ သေဆုံးမှု စုံစမ်းစစ်ဆေးမည်

အိန္ဒိယနိုင်ငံမှာ မကြာသေးခင်တုန်းက ဆင်ရိုင်းတွေ သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးက ညွှန်ကြားလိုက်ပါတယ်။ သေဆုံးမှုတွေဟာ အဆိပ်မိတဲ့အတွက် ဖြစ်မယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေကြတာပါ။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသက အာသံပြည်နယ်မှာရှိတဲ့ Kaziranga အမျိုးသားဥယျာဉ် အပြင်ဘက်မှာ ဆင်ငယ် ၂ ကောင် အပါအ၀င် တောဆင်ရိုင်း ၄ ကောင် မကြာသေးခင်ကပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးမှု အားလုံးနီးပါး လိုလိုမှာ ဆင်တွေရဲ့ လျှာတွေဟာ ပြာနှမ်းနေတာ တွေ့ရတယ်လို့ တိရစ္ဆာန်ဆေးကု ဆရာဝန် တယောက်ကို ကိုးကားပြီး သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

အာသံပြည်နယ် တာဝန်ရှိသူတွေကတော့ ဆင်တွေဟာ အဆိပ်မိခဲ့ကြတာလို့ သံသယ ရှိနေကြတာ ဖြစ်ပေမဲ့ ဒါဟာ မတော်တဆလား၊ တမင်သက်သက်လား ဆိုတာကတော့ ၀ိဝါဒ ကွဲပြားနေကြဆဲ ဖြစ်ပါတယ်။

အာသံပြည်နယ် သစ်တောဝန်ကြီး Rokybul Hussain ကတော့ သေမှုသေခင်း စစ်ဆေးဖို့အတွက် နမူနာတွေကို ပေးပို့ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေအပေါ် ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း သစ်တောဝန်ကြီးက ပြောဆိုခဲ့တာပါ။

XS
SM
MD
LG