သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမုဒ္ဒရာတွင်း Seychelles ကျွန်းစုမှာ အိန္ဒိယရေတပ်ဆောက်မည်


 အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး နီပေါနိုင်ငံကို သွားရောက်စဉ်
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး နီပေါနိုင်ငံကို သွားရောက်စဉ်

ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု တိုးလာနေတာကို တန်ပြန်တဲ့အနေနဲ့ အိန္ဒိယသမုဒ္ဒရာတွင်း Seychelles ကျွန်းစု တွေမှာ ရေတပ်စခန်းတခုဆောက်ဖို့ အိန္ဒိယက သဘောတူစာချုပ်တခု လက်မှတ်ထိုးလိုက်ပါတယ်။ တရုတ်နိုင်ငံံနဲ့ နီးစပ်တဲ့ ကွန်မြူနစ်ပါတီတွေ အာဏာရလာတော့မယ့် နီပေါလ်နိုင်ငံကိုလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ထူးထူးခြားခြား သွားရောက် ပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်အတွင်းဖြစ်တဲ့ ဒီအခြေအနေနှစ်ရပ်စလုံးဟာ အိန္ဒိယသမုဒ္ဒရာတွင်းမှာရော၊ အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံတွေ အပေါ်မှာပါ တရုတ်ရဲ့လွှမ်းမိုးမှု တိုးလာနေတာအပေါ် အိန္ဒိယရဲ့စိုးရိမ်ချက်ကို အထူးဖော်ပြနေတယ်လို့ လေ့လာသူတွေက ပြော ပါတယ်။

Seychelles နိုင်ငံနဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ချုပ်ဆိုတဲ့ သဘောတူညီချက်အရ Assumption ကျွန်းပေါ်မှာ လေယာဉ်ပြေးလမ်းတခု နဲ့ ရေတပ်ဆိပ်ခံတခုကို အိန္ဒိယက တည်ဆောက်မှာပါ။ ဒီစခန်းကနေ အိန္ဒိယသမုဒ္ဒရာတွင်း အိန္ဒိယနိုင်ငံရဲ့အနေအထားကို ပို ခိုင်မာစေမှာဖြစ်သလို အိန္ဒိယရေတပ်သင်္ဘောတွေ၊ လေယာဉ်တွေအနေနဲ့ ကျွန်းတွေမှာ အလှည့်ကျ ဆိုက်ကပ်ရပ်နားခွင့်လည်း ပိုရလာမှာဖြစ်ပါတယ်။

ပိုပိုပြီးအားကောင်းလာနေတဲ့ တရုတ်နိုင်ငံက ဝန်းပတ်တာကို ခံနေရတဲ့အပေါ် စိုးရိမ်မှုတွေ တိုးလာနေတာနဲ့အမျှ ပြည်ပမှာ မဟာဗျူဟာမြောက် အခြေစိုက်စခန်းတွေကို အိန္ဒိယက တိုးချဲ့ တည်ဆောက်လာနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG