သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၃ ခုနှစ်ဟာ အိန္ဒိယအမျိုးသမီးတွေအတွက် ဘယ်လိုနှစ်တနှစ်အဖြစ် သတ်မှတ်နိုင်မလဲ


ဒီနှစ်မှာတော့ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်ကြောင့် အမျိုးသမီးရေးကိစ္စရပ်တွေဟာ လူအများအပြား အချေအတင် အငြင်းပွားဖွယ်ရာ ကိစ္စ ဖြစ်လာခဲ့ပါတယ်။ ဆန္ဒပြမှုတွေကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပေါ် ပိုပြင်းထန်စွာ အရေးယူဖို့ ဥပဒေသစ်တွေလည်း ပြဋ္ဌာန်းပေးလာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဟာလည်း အလေးပေးခံခဲ့ရတဲ့ ဖြစ်ရပ်ဖြစ်ခဲ့တဲ့အကြောင်း အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးရေး အကြမ်းဖက်မှု နှစ်ချုပ်ဆောင်းပါးကို နယူးဒေလီမှာရှိတဲ့ ဗွီအိုအေသတင်းထောက် Anjana Pasricha က သတင်းပေးပို့ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။
XS
SM
MD
LG