သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယတောင်ပိုင်း အပူလှိုင်း လူ ၅၀၀ ကျော်သေ


အိန္ဒိယနိုင်ငံတွင်း အပူလှိုင်းဒဏ်ခံနေရတဲ့ပြည်သူများ
အိန္ဒိယနိုင်ငံတွင်း အပူလှိုင်းဒဏ်ခံနေရတဲ့ပြည်သူများ
အိန္ဒိယနိုင်ငံတောင်ပိုင်းက Andhra Pradesh ပြည်နယ်မှာ အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် ကြာသပတေးနေ့အထိ သေဆုံးရသူပေါင်း ၅၀၀ ကျော်နေပြီလို့ ဒေသအာဏာပိုင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတဝှမ်းမှာ အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် ကိုယ်ရေခန်းခြောက်မှုဖြစ်ပွါးတဲ့ လူနာတွေနဲ့ ဆေးရုံတွေမှာ ပြည့်လျှံနေပါတယ်။ အပူနာနဲ့အတူ အခြား ကူးစက်ရောဂါဖြစ်ပွါးမှုတွေ လည်းရှိနေတယ်လို့ ဒေသဆေးဝန်ထမ်းတွေက ပြောပါတယ်။

အပူချိန်ဟာ မကြုံဘူးအောင်တက်နေပြီး ၄၅ ဒီဂရီ Celsius အထက်မှာရှိသလို၊ ဖါရင်ဟိုက်နဲ့ ဆိုရင် ၁၁၃ ဒီဂရီ ဖါရင်ဟိုက်အထက်မှာ ရှိနေပါတယ်။ ဒီအပူလှိုင်းဟာ နိုင်ငံ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းကိုပါ ဆက်ပြီး ရိုက်ခတ်ဖို့ ရှိနေတယ်လို့လည်း ခန့်မှန်းထားပါတယ်။

မုတ်သုန်မိုးဟာ မေလမှာ ဝင်လေ့ရှိပေမယ့် အခုထိ မိုးမရွာသေးတဲ့အတွက် အပူဒဏ်ကို အလူးအလဲခံနေကြရတာပါ။ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်ရတဲ့ ဆိုက်ကားသမားတွေ ရဲဝန်ထမ်းတွေ က အဆိုးဆုံးဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ်မှာ ပြင်းထန်တဲ့ အပူလှိုင်းရိုက်ခတ်မှုခံရတာ ဆယ်ရက်လောက်ရှိပြီဖြစ်ပြီး ကြာသပတေးနေ့အထိ အပူဒဏ်ကြောင့် သေဆုံးရသူပေါင်း ၅၀၀ ကျော်နေပြီလို့ Andhra Pradesh ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မရှင်က ပြောပါတယ်။

အိန္ဒိယ နိုင်ငံမှာ အပူဆုံးလဟာ ဇွန်လဖြစ်ပြီး မုတ်သုန်မိုးမရွာသေးသမျှ အပူချိန်လည်း မကျပဲ အပူလှိုင်းဒဏ်ကို ဆက်ပြီး ခံကြရမှာ ဖြစ်ပါတယ်။
XS
SM
MD
LG