အမေရိကန်ပြည်ထောင်စုမှာ ပြည်ဝင်ခွင့်ဗီဇာလိမ်လည်မှုနဲ့ အထိန်းသိမ်းခံ ထားရတဲ့ သံတမန်တစ်ဦး အိန္ဒိယနိုင်ငံကို ပြန်လာခဲ့ပြီးတဲ့နောက် နယူးဒေလီ အမေရိကန်သံရုံးက သံတမန်ကို ပြန်လည်ရုပ်သိမ်းဖို့ အိန္ဒိယက အမေရိကန်ကို တောင်းဆိုလိုက်ပါတယ်။ အိန္ဒိယသံတမန် Devyani Khobragade နဲ့ ရာထူးအဆင့်ခြင်း တူညီတဲ့ အမေရိကန်သံတမန်ကို ရာထူးကဖယ်ရှားပေးဖို့ အိန္ဒိယက အမေရိကန်ကို တောင်းဆိုလိုက်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
Devyani Khobragade ကို နယူးယောက်မြို့မှာ ဖမ်းဆီးခံရပြီး၊ အဝတ်အစားတွေကို ချွတ်ပြီး ခန္ဓာကိုယ်ပေါ်မှာ ရှာဖွေခဲ့ရာကနေ ။ အိန္ဒိယ နဲ့ အမေရိကန်နိုင်ငံကြား သံတမန်ရေး မပြေလည်မှုတွေ ဖြစ် လာခဲ့တာဖြစ်ပါတယ်။ သောကြာနေ့က နယူးယောက်ကနေ အိန္ဒိယကိုပြန် သွားခဲ့တာဖြစ်ပါတယ်။
Devyani Khobragade udk အပေါ်ပေးထားတဲ့ သံတမန်ကင်းလွတ်ခွင့် ရုတ်သိမ်းဖို့ အမေရိကန်က တောင်းဆိုခဲ့တာကို အိန္ဒိယက ပယ်ချခဲ့ပြီးတဲ့နောက် သူမဟာ အမေရိကန်နိုင်ငံကနေ သောကြာနေ့မှာ ပြန်လည် ထွက်ခွာသွားတာဖြစ်ပါတယ်။
Khobragadeဟာ နယူးယောက်မြို့မှာ အိန္ဒိယ ဒုကောင်စစ်ဝန်ချုပ်အဖြစ် တာဝန် ထမ်းဆောင်နေတာဖြစ်ပါတယ်။ သူမခေါ်လာတဲ့ အိမ်အကူအလုပ်သမားကို ဘယ်လောက်ပေးတယ်ဆိုတာ လိမ်လည်ခဲ့တယ်ဆိုပြီး စွတ်စွဲခံရတာကြောင့် ဗီဇာလိမ်လည်မှုနဲ့ သူမဟာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
သူမအနေနဲ့ အမေရိကန်ပြည်ထောင်စုကနေ ထွက်ခွာသွားပေမယ့်လည်း သူမအပေါ် စွဲချက်တင်ထားတာတွေကို ရုတ်သိမ်းသွားမှာမဟုတ်ဘဲ၊ တကယ်လို့သူမအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်လာရင် ဒီစွဲချက်တွေကို ပြန်ပြီး ရင်ဆိုင်ရမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။