သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး စစ်ကောင်စီအကြီးအကဲနဲ့တွေ့

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး Ajit Doval စစ်ကောင်စီအကြီးအကဲနှင့် နေပြည်တော်မှာ တွေ့ဆုံနေစဉ်။
အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး Ajit Doval စစ်ကောင်စီအကြီးအကဲနှင့် နေပြည်တော်မှာ တွေ့ဆုံနေစဉ်။

မြန်မာနိုင်ငံမှာ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေကြောင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး (NSA) Ajit Doval ကို မနေ့ ဇူလိုင်လ ၂၆ ရက်နေ့က ပြောကြားခဲ့ကြောင်း အိန္ဒိယ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

မြန်မာ စစ်ကောင်စီအကြီးအကဲနဲ့ အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval တို့ရဲ့ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံအတွင်းက နိုင်ငံရေး ဖြစ်ပေါ်မှုအခြေအနေတွေ အပါအဝင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

မြန်မာနိုင်ငံ၊ နေပြည်တော်မှာ ကျင်းပနေတဲ့ အဖွဲ့ဝင် ၇ နိုင်ငံ ပါဝင်တဲ့ ဘင်္ဂလားပင်လယ်အော် ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC အဖွဲ့ရဲ့ စတုတ္ထအကြိမ်မြောက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲတွေရဲ့ အစည်းအဝေးတက်ဖို့အတွက် အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ကျင်းပတဲ့ BIMSTEC အဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဒုတိယအကြိမ် အစည်းအဝေးကိုတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပါတယ်။

အိန္ဒိယက ဦးဆောင်ဖွဲ့စည်းထားတဲ့ ဒီ BIMSTEC အဖွဲ့ဝင် ၇ နိုင်ငံကတော့ - မြန်မာ၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံတို့ ဖြစ်ကြပါတယ်။

This item is part of

Forum

XS
SM
MD
LG