သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူတရာနီးပါး သေဆုံးတဲ့ ပေါက်ကွဲမှု သံသယရှိသူ ရဲရှာဖွေဆဲ


ပေါက်ကွဲမှုကြောင့် အပျက်အစီးတွေကို ဝန်ချီစက်တွေသုံးပြီး ဖယ်ရှားရှင်းလင်းစဉ်။ (စက်တင်ဘာ ၁၂၊ ၂၀၁၅)
ပေါက်ကွဲမှုကြောင့် အပျက်အစီးတွေကို ဝန်ချီစက်တွေသုံးပြီး ဖယ်ရှားရှင်းလင်းစဉ်။ (စက်တင်ဘာ ၁၂၊ ၂၀၁၅)

ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို တရားမဝင်သိုလှောင်ထားမှုနဲ့ ပတ်သက်လို့ သံသယရှိသူတဦးကို အိန္ဒိယရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လူ ၈၉ ဦးထက်မနည်းသေဆုံးပြီး ၁၀၀ လောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။ သူ့ရဲ့ညီအကိုတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေတဲ့ Rejendra Kaswa ကို အခုအခါမှ လိုက်လံရှာဖွေနေကြောင်း ရဲတွေက ဒီကနေ့မှာ ပြောပါတယ်။

ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ယူရီးယား ဓါတ်မြေသြဇာတွေကို Rajendra ဟာ Madhya Predesh ပြည်နယ် Petlawad က စားသောက်ဆိုင် တခုဘေးမှာရှိတဲ့ ဂိုဒေါင်မှာ သိုလှောင်ထားတာပါ။ စားသောက်ဆိုင်အတွင်းက ဓါတ်ငွေ့အိုး ပေါက်ကွဲတာကြာင့် စနေ့နေ့ မနက်ပိုင်းက အင်အား ပြင်းထန်တဲ့ပေါက်ကွဲမှုကြီးဖြစ်တာလို့ ရဲတွေက အစောပိုင်းမှာ ယူဆထားပါတယ်။ အဲဒီအချိန်မှာ စားသောက်ဆိုင်ထဲ မနက်စာ စားနေတဲ့ ကလေးတွေ ရုံးဝန်ထမ်းတွေနဲ့ ပြည့်ကြပ်နေချိန်လည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီပေါက်ကွဲမှုဟာ Rejendra ရဲ့ဖေါက်ခွဲရေးပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်ကနေ ဖြစ်ပွါးခဲ့တာလို့ နောက်ပိုင်းမှာ ရဲတွေက ယူဆထားပါတယ်။ အဝီစိတွင်းတူးဖေါ်တာ၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ မိုင်းလုပ်ငန်းတွေမှာ အသုံးပြုဖို့ ဖေါက်ခွဲရေးပစ္စည်းတွေ အသုံးပြုခွင့် လိုင်စင် Rejendra မှာ ရှိပေမယ့် လူနေထူထပ်တဲ့ ရပ်ကွက်ထဲ တရားမဝင်သိုလှောင်ထားတာလို့ ရဲတွေက ပြောပါတယ်ခင်ဗျာ။

XS
SM
MD
LG