သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် Trump အလားအလာ ကောင်းပြီ

 ရီပတ်ဘလီကန်ပါတီ ရဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေသည့် Trump
ရီပတ်ဘလီကန်ပါတီ ရဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေသည့် Trump

အမေရိကန် သမ္မတလောင်း အကြိုမဲပေးပွဲတွေ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ Indiana ပြည်နယ်မှာ အနိုင်ရခဲ့ပြီးနောက် ကုဋေကြွယ်သူဌေး Donald Trump ဟာ သမ္မတလောင်း ဖြစ်နိုင်သူတဦးအဖြစ် ရီပတ်ဘလစ်ကန်ပါတီရဲ့ ဦးဆောင်ကော်မတီ (RNC) အကြီးအကဲက သုံးနှုန်းပြောဆိုလိုက်ပါတယ်။

အကြိုမဲပေးပွဲမှာတော့ Trump က မဲအားလုံးရဲ့ ၅၃ ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz ကတော့ ၃၇ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich ကတော့ ၇ ရာခိုင်နှုန်းနဲ့ နောက်ဆုံးနေရာမှာ ရှိခဲ့တာပါ။ ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ လိုအပ်တဲ့ ပါတီညီလာခံ ကိုယ်စားလှယ် အရေအတွက် Trump အနေနဲ့ မရနိုင်အောင် ဟန့်တားဖို့ ကြိုးပမ်းရာမှာ အရေးကြီးတဲ့ ပြည်နယ်မှာ ရှုံးနိမ့်သွားခဲ့တဲ့အတွက် Cruz ကတော့ သမ္မတလောင်းရွေးပွဲက နှုတ်ထွက်သွားပါတယ်။

မဲပေးပွဲအပြီး ထောက်ခံသူတွေကို မိန့်ခွန်းပြောရာမှာတော့ မဲဆန္ဒရှင်တွေ အနေနဲ့၊ တခြားလမ်းကို ရွေးချယ်ခဲ့ကြပြီး၊ သူ့အတွက် အနိုင်ရနိုင်မယ့် လမ်းဆုံးသွားပြီ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

Trump ကတော့ Indiana ပြည်နယ်မှာ အနိုင်ရလိုက်တာဟာ ကြီးမားတဲ့ အောင်ပွဲ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့သလို၊ Cruz နဲ့ ရီပတ်ဘလစ်ကန် ပါတီဝင် အဖွဲ့သားတွေဟာ ယှဉ်ဖို့မလွယ်တဲ့ လူတော်တွေအဖြစ် ချီးကျုးလိုက်ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီ ဦးဆောင်ကော်မတီ ဥက္ကဌ Reince Priebus ကလည်း အင်္ဂါနေ့နှောင်းပိုင်းမှာ အလားတူ သတင်းစကား ပါးခဲ့သလို၊ နိုဝင်ဘာသမ္မတရွေးပွဲမှာ ဒီမိုကရက်တစ်ပါတီက Hillary Clinton ကို အနိုင်ယူနိုင်အောင် ပါတီဝင်တွေ အတူတကွလက်တွဲကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

ဇူလိုင်လထဲ ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံက ဒုတိယနဲ့ တတိယ အကြိမ် ရွေးကောက်ပွဲတွေမှာ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ မျှော်လင့်ထားတဲ့ Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး Kasich ကတော့ ဆက်လက် ယှဉ်ပြိုင်သွားမှာ ဖြစ်တဲ့ အကြောင်း ပြောခွင့်ရသူက ပြောဆိုခဲ့ပါတယ်။

This item is part of
XS
SM
MD
LG