သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇူလိုင်လကို မြန်မာ-အမေရိကန်လ အဖြစ် Indiana ပြည်နယ်ကြေညာ


အမေရိကန် ပြည်ထောင်စု Indiana ပြည်နယ်မှာ ဒီလ ဇူလိုင်လကို မြန်မာ-အမေရိကန်လအဖြစ် ကြေညာလိုက်ပါတယ် (photo: Governor Office)
အမေရိကန် ပြည်ထောင်စု Indiana ပြည်နယ်မှာ ဒီလ ဇူလိုင်လကို မြန်မာ-အမေရိကန်လအဖြစ် ကြေညာလိုက်ပါတယ် (photo: Governor Office)

အမေရိကန် ပြည်ထောင်စု Indiana ပြည်နယ်မှာ ဒီလ ဇူလိုင်လကို မြန်မာ-အမေရိကန်လအဖြစ် ကြေညာလိုက်ပါတယ်။ Indiana ပြည်နယ်မှာ မြန်မာလူမှုအသိုင်းအဝိုင်း ကြီးထွားလာတာနဲ့အမျှ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု အားကောင်းလာတယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူး Eric Holcomb က ပြောပါတယ်။

မြန်မာ-အမေရိကန်လအဖြစ် အုပ်ချုပ်ရေးမှူးရဲ့ ကြေညာချက်ဟာ Indiana ပြည်နယ်အတွက်သာမက အမေရိကန်ရောက် မြန်မာတွေအားလုံးကို ကိုယ်စားပြုရာ ရောက်တာကြောင့် ကျေးဇူးတင်ကြောင်းလည်း မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (BACI) အမှုဆောင် ဒါရိုက်တာ Elaisa Vahnie က ကြေညာချက်ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ နှစ်ပေါင်း ၃၀ ကြာ အခြေချနေထိုင်လာတဲ့ အထိမ်းအမှတ်အဖြစ် Indiana ပြည်နယ်မှာ ရှေ့သီတင်းပတ်ကစ ယဉ်ကျေးမှုပြပွဲတွေအပါအဝင် အခမ်းအနားတွေ ကျင်းပဖို့လည်း စီစဉ်ထားပါတယ်။ Indiana ပြည်နယ်မြို့တော် Indianapolis မှာ မြန်မာနိုင်ငံသား ၃ သောင်းဝန်းကျင် နေထိုင်ပြီး Fort Wayne မြို့မှာလည်း မြန်မာနိုင်ငံက အခြေချ နေထိုင်သူ သောင်းနဲ့ချီရှိမယ်လို့လည်း ခန့်မှန်းကြပါတယ်။

XS
SM
MD
LG