သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြစ်ဝန်ခံခဲ့တဲ့ ရှေ့နေဟောင်း Cohen ကို Trump ရှုံ့ချ


အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ ရှေ့နေဟောင်း Michael Cohen ပြည်ထောင်စု တရားရုံးက ထွက်လာစဉ် (သြဂုတ်လ ၂၁၊ ၂၀၁၈ခုနှစ်)
အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ ရှေ့နေဟောင်း Michael Cohen ပြည်ထောင်စု တရားရုံးက ထွက်လာစဉ် (သြဂုတ်လ ၂၁၊ ၂၀၁၈ခုနှစ်)

အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ ရှေ့နေဟောင်း Michael Cohen ရဲ့ သစ္စာရှိမှုနဲ့ တရားရေးဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။ ရှေ့နေကောင်း ရှာနေသူတွေ အဖို့ Cohen ကို မငှါးသင့်ဘူး လို့လည်း သူ့ တွစ်တာမှာ ရေးပါတယ်။

Trump ရဲ့ သမ္မတလောင်း မဲဆွယ်အဖွဲ့ မထိခိုက်အောင် ဖုံးကွယ်လုပ်ဆောင်ခဲ့တာ တွေနဲ့ ပတ်သက်ပြီး Cohen ကထုတ်ဖေါ် ပြောဆိုခဲ့ပြီး နောက်တနေ့မှာပဲ သူ့ကိုယ်ရေးရှေ့နေနဲ့ ပတ်သက်ပြီး သမ္မတ Trump က ပထမဆုံးအကြိမ် လူသိရှင်ကြားး ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ Cohen ဟာ သူ့ပြစ်မှုအတွက် ထောင်ဒဏ်ပြစ်ဒဏ် ၄ - ၅ နှစ်လောက် ကျခံရဖို့ ရှိပါတယ်။

Cohen က မဲဆွယ်အဖွဲ့ ငွေကြေးဆိုင်ရာ ဥပဒေချိုးဖေါက်မှုတွေ အပြင် ဘဏ်စာရင်းလိမ်တာနဲ့ အခွန်ရှောင်တာတွေ နဲ့ ပတ်သက်ပြီး အပြစ်ရှိကြောင်း အင်္ဂါနေ့မှာ ဝန်ခံခဲ့တာပါ။ ၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုရဲ့ အပြီးသတ် သီတင်း ၂ ပတ်မှာ ရွေးကောက်ပွဲ အပေါ် သက်ရောက်မှု ရှိစေနိုင်တဲ့ ကိစ္စရပ်တွေအတွက် Playboy မဂ္ဂဇင်း စံပြမယ်ဟောင်း Karen McDougal နဲ့ လိင်ဖျော်ဖြေရေး ဇာတ်လမ်းတွေ သရုပ်ဆောင်သူ Stormy Daniels တို့ကို နှုတ်ပိတ်ခ ငွေပေးဖို့ Trump က သူ့ကို ညွှန်ကြားခဲ့ကြောင်း Cohen က ထွက်ဆိုခဲ့ပြီးတဲ့ နောက်မှာ သူအခုလို အပြစ်ရှိကြောင်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး ၂ ဦးကလည်း သူတို့ဟာ ရွေးကောက်ပွဲ မတိုင်ခင်က Trump နဲ့ ရှုပ်ခဲ့ဘူးကြောင်း ပြောခဲ့တာပါ။ ဒါပေမယ့် Trump ကတော့ ဒါကိုငြင်းဆိုပါတယ်။

Cohen က အခုလို အပြစ်ရှိကြောင်း ဝန်ခံခဲ့ ချိန်လောက်မှာပဲ Trump ရဲ့ မဲဆွယ်အဖွဲ့ တာဝန်ခံဟောင်း Paul Manafort ကိုလည်း ဘဏ်စာရင်းလိမ်လည်မှုနဲ့ အခွန်ရှောင်မှုပေါင်း ၁၈ မှု ကျူးလွန်ခဲ့မှုနဲ့ တရားစွဲဆိုတာ ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG