သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယလေယာဉ်ပျက်စီးမှု အကြောင်းရင်း ရှာဖွေ စစ်ဆေးဆဲ


ဆယ်စုနှစ်တခုကျော်အတွင်း အိန္ဒိယမှာ အဆိုးရွားဆုံးဖြစ်ခဲ့ရတဲ့ လေယာဉ် ပျက်စီးရမှုရဲ့ အကြောင်းရင်းကို အိန္ဒိယတောင်ပိုင်းမှာ စုံစမ်းစစ်ဆေးရေးမှူးတွေ ရှာဖွေနေကြတုန်းပါပဲ။ စနေနေ့က လေယာဉ်လမ်းချော်ပြီး မီးလောင်ပျက်စီးခဲ့တဲ့ဖြစ်ရပ်မှာ လူ ၁၅၈ ယောက် သေဆုံးပြီး ရှစ်ယောက်ပဲ အသက်မသေ လွတ်မြောက်ခဲ့ပါတယ်။

လေယာဉ်ပျံသန်းတဲ့ခရီးစဉ်ကို မှတ်တမ်းတင်ထားတဲ့စက်ကို ရှာဖွေသူတွေက တွေ့ခဲ့ပြီဆိုတာနဲ့ပတ်သက်ပြီး ဒီကနေ့မှာ သတင်း တွေ အရောရော အထွေးထွေး ထွက်ပေါ်နေပါတယ်။ Boeing 737 လေယာဉ်ရဲ့ ခရီးစဉ်မှတ်တမ်းတင်စက်ဟာ လေယာဉ် ဘာ့ကြောင့် ပြေးလမ်းကို ကျော်ပြီး ပျက်စီးသွားခဲ့ရတယ်ဆိုတာကို ဖော်ထုတ်တဲ့နေရာမှာ အရေးပါပါတယ်။ အိန္ဒိယလေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေယာဉ်ကြီးဟာ မန်ဂလိုးလေဆိပ်ကို ဆင်းသက်ချိန်မှာ လေယာဉ်ပြေးလမ်းကို ကျော်သွားပြီး လမ်းချော် ထွက်သွားပြီးတဲ့နောက် ချောက်ထဲကိုကျပြီး မီးလောင် ပျက်စီးသွားပါတယ်။

အိန္ဒိယအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ အမေရိကန် သယ်ယူပို့ဆောင်မှုလုံခြုံရေးဆိုင်ရာအဖွဲ့က စုံစမ်းစစ်ဆေးရေးမှူးတွေ အိန္ဒိယ ဆီ စေလွှတ်ထားတယ်လို့ Times of India သတင်းစာက ရေးပါတယ်။

XS
SM
MD
LG