သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ အင်ဒီရာ ဂန္ဒီအား ဘင်္ဂလားဒေ့ရှ် အမြင့်ဆုံး ဂုဏ်ပြု


ကွယ်လွန်သူ အင်ဒီရာ ဂန္ဒီအား ဘင်္ဂလားဒေ့ရှ် အမြင့်ဆုံး ဂုဏ်ပြု
ကွယ်လွန်သူ အင်ဒီရာ ဂန္ဒီအား ဘင်္ဂလားဒေ့ရှ် အမြင့်ဆုံး ဂုဏ်ပြု

ပါကစ္စတန် လက်အောက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၁၉၇၁ ခုနှစ်မှာ လွတ်လပ်ရေးရဖို့ တိုက်ပွဲဝင်တဲ့ နေရာမှာ စွမ်းဆောင်မှုတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ကွယ်လွန်သူ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း အင်ဒီရာ ဂန္ဒီ (Indira Gandhi) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်လိုက်ပါတယ်။

အင်ဒီရာ ဂန္ဒီဟာ ဝန်ကြီးချုပ်အဖြစ် ၁၉၆၆ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၀ မှာ ဝန်ကြီးချုပ် ပြန်ဖြစ်လာပြီး နောက်ပိုင်း ၁၉၈၄ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးနေတုန်း ကိုယ်ရံတော်တဦးရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတာပါ။

ဘင်္ဂလားဒေ့ရှ် လွတ်မြောက်မှု ဂုဏ်ထူးဆောင်ဆုလို့ အမည်ပေးထားတဲ့ အဲဒီ ဆုပေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တာဖြစ်ပြီး ကွယ်လွန်သူ ဝန်ကြီးချုပ် အင်ဒီရာ ဂန္ဒီ ကိုယ်စား သူမရဲ့ ချွေးမလည်းဖြစ်၊ လက်ရှိ အာဏာရ ကွန်ဂရက်စ်ပါတီရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ ဆိုနီယာ ဂန္ဒီ (Sonia Gandhi) က တက်ရောက် လက်ခံခဲ့ပါတယ်။

တချိန်က အရှေ့ပါကစ္စတန်လို့ ခေါ်တဲ့ အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လွတ်လပ်ရေး တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ် သူပုန်တွေကို အိန္ဒိယက ငွေကြေးအရရော စစ်လက်နက် ပစ္စည်းတွေပါ ထောက်ပံ့ပေးခဲ့တာပါ။ သန်းပေါင်းများစွာသော ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်တွေကိုလည်း အိန္ဒိယနိုင်ငံက အဲဒီအချိန်တုန်းက လက်ခံထားခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲအတွင်း ဘင်ဂါလီလူမျိုး ၃,၀၀၀,၀၀၀ လောက် ပါကစ္စတန်က သတ်ဖြတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောပါတယ်။

XS
SM
MD
LG