အင်ဒိုနီးရှားနိုင်ငံက အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဝင်သူ သမ္မတကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးက အနိုင်ရတယ်လို့ ဒီကနေ့ ကြေညာခဲ့ကြတာကြောင့် နိုင်ငံရေး ရှေ့မတိုး နောက် မဆုတ်ဖြစ်မယ့် အခြေအနေဆီ ဦးတည်သွားခဲ့ပါတယ်။
မဲအရေအတွက် ၈၀% ကျော်ကို ရေတွက်ပြီးချိန်မှာ ဒီကနေ့ထွက်လာတဲ့ တရားဝင် မဟုတ်သေးတဲ့ ရလဒ်တွေအရ ဂျကာတာ အုပ်ချုပ်ရေးမှူးဟောင်း Joko Widodo က ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto ကို မဲအရေအတွက် ၅% နဲ့ ဦးဆောင်နေပါတယ်။
Joko Wi လို့လည်းသိကြတဲ့ Widodo က သတင်းစာရှင်းလင်းပွဲတခု မြန်မြန်လုပ်ပြီး သူ့ကိုယ်သူ အနိုင်ရသူအဖြစ် ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ Subianto ကလည်း သူဟာ လူထုရဲ့ ထောက်ခံမှုနဲ့ အခွင့်အာဏာ လွှဲအပ်မှုကို အနိုင်ရခဲ့ပြီဆိုတာကို သူ့မဲဆွယ်စည်းရုံးရေးအဖွဲ့က ကောက်ယူတဲ့ လူထုစစ်တမ်းအရ ပြနေတယ်လို့ လူထုစုဝေးပွဲတခုမှာ ပြောခဲ့ပါတယ်။
ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အကျိတ်အနယ်ဖြစ်ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် သန်းပေါင်း ၁၉၀ မဲပေးခဲ့ကြပါတယ်။