အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းမှာ ပြင်းအားကြီးငလျင် လှုပ်ခတ်ခဲ့ပေမဲ့ ခုထက်ထိတော့ ဆူနာမီ သတိပေးချက်ထုတ်ပြန်မှုနဲ့ အပျက်အစီး အသေအပျောက် သတင်းပို့ချက်တွေ မရသေးဘူးလို့သိရပါတယ်။ အင်ဒိုနီးရှား Papua ခရိုင်မှာ စနေနေ့မနက် အစောကြီး ၄ နာရီ ၄၂ မိနစ်က ၇.၂ ပြင်းအားရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
Enarotali မြို့အရှေ့ မိုင် ၁၅၀ လောက်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ လမ်းတွေပေါ် ထွက်ပြေးခဲ့ကြရ ပါတယ်။ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် အဆောက်အဦးတွေ ပြိုကျထိခိုက်မှာ စိုးတဲ့အတွက် လူတွေထွက်ပြေးခဲ့ရတယ်လို့ သတင်းတွေကဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ တိုက်ကြီးတွေရဲ့ မြေသားပြတ်ရွေ့ကျောတွေ ရင်ဆိုင်တိုက်ခိုက်မှုဖြစ်တဲ့ ပစိဖိတ်ဒေသရဲ့ RING OF FIRE ခေါ်တဲ့ ဧရိယာထဲမှာ တည်ရှိနေတာဖြစ်လို့ မကြာခဏ မီးတောင်ပေါက်ကွဲမှုနဲ့ ငလျင်လှုပ်ခတ်မှုတွေ ဖြစ်လေ့ရှိပါတယ်။