သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူတဦးသေဆုံးမှုအတွက်မိကျောင်း ၃၀၀ နီးပါး အသတ်ခံရ


အင်ဒိုနီးရှားနိုင်ငံအနောက် ပါပူဝါဒေသက အမျိုးသားတဦး မိချောင်းကိုက်လို့သေဆုံးခဲ့ရတာကို တုန့်ပြန်တဲ့အနေနဲ့ မိချောင်းပေါက်ကလေးအကောင်ရေ သုံးရာနီးပါးကို စိတ်ဆိုးနေတဲ့ ဒေသခံရွာသားတွေက သတ်လိုက်ကြတယ်လို့ အင်ဒိုနီးရှားအရာရှိ တွေက မနေ့က ပြောပါတယ်။

သေဆုံးသူဟာ အသက်၄၈နှစ်ရှိပြီး မိချောင်းမွေးမြူရေးကန်တွေနားကိုရောက်လာပြီးမကြာခင်မှာ မိချောင်းတွေရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရတယ်လို့ ဒေသခံ သယံဇာတထိမ်းသိမ်းရေးအဖွဲ့ရဲ့အကြီးအကဲကပြော ပါတယ်။ သေဆုံးခဲ့သူဟာ သူ့ရဲ့နွားတွေအတွက် မြက်ရိတ်ဖို့မိချောင်းမွေးမြူရေးကန်နားကိုရောက်လာခဲ့တာလို့ဆိုပါတယ်။

သေဆုံးသူရဲ့ဈာပဏအပြီးစနေနေ့တုန်းက ရာနဲ့ချီတဲ့ရွာသားတွေက မိချောင်းငယ်လေး ၂၉၂ကောင်ကို သတ်ဖြတ်လိုက် ကြပါ တယ်။ အသတ်ခံခဲ့ရတဲ့မိချောင်းငယ်တွေထဲမှာ ၂ကောင်က ၁၃ပေရှည်ပြီး ကျန်တဲ့ မိချောင်းတွေက လက်မ၂၀ကနေ ၆၀ အတွင်းရှိပါတယ်။ မိချောင်းသတ်ဖြတ်မှုဟာ တရားမဝင်တာကြောင့် ဒီအမှုကိုစုံစမ်းစစ်ဆေးဖို့ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သယံဇာတထိန်းသိမ်းရေးအဖွဲ့ရဲ့အကြီးအကဲ Basar Manullangကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG