သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ISIS နဲ့ချိတ်ဆက် သံသယရှိသူများ အင်ဒိုနီးရှားဖမ်းဆီး


အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ အိုင်ဆစ်နဲ့ ဆက်နွယ်နေတယ်လို့ သံသယရှိတဲ့ တူရကီလူမျိုး လေးယောက်နဲ့ အင်ဒိုနီးရှား နိုင်ငံသား သုံးယောက်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက စနေနေ့ က ဖမ်းဆီးလိုက်ပါတယ်။

အင်ဒိုနီရှားနိုင်ငံ အနောက်ပိုင်း Central Sulawesi ခရိုင်မှာ သူတို့ကို ဖမ်းဆီးခဲ့တာပါ။

ရဲတပ်ဖွဲ့ ပြောခွင့်ရ Novia Jaya က လမ်းပိတ်ထားတဲ့နေရာ ခပ်ဝေးဝေးမှာ သံသယဖြစ်စရာ ကားတစီး ရပ်ပြီး၊ ချက်ချင်း ပြန်လှည့်မောင်းသွားတာတွေ့လို့ မသင်္ကာတာနဲ့ အဲဒီကားနောက် လိုက်ကြည့်ပြီး၊ ကားကို သေနတ်နဲ့ တချက် လှမ်းပစ်ပေမဲ့၊ သူတို့က မရပ်ဘဲ ဆက်မောင်းတယ်၊ နောက်ဆုံးတော့ သူတို့ကို ဖမ်းဆီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖမ်းဆီးခဲ့တဲ့ လူ ၇ ယောက်စလုံးကို နောက်ထပ် စုံစမ်းစစ်ဆေးတာတွေ လုပ်ဖို့အတွက် အနောက်ဂျာဗားမှာ ရှိတဲ့ အထူး ရဲတပ်ဖွဲ့ ဌာနချုပ်ကို ဒီကနေ့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမ်စစ်အစွန်းရောက်အဖွဲ့ အိုင်ဆစ် အဖွဲ့ဝင် အင်ဒိုနီးရှား နိုင်ငံသား အယောက် ၆၀ လောက် ရှိတယ်လို့ နိုင်ငံတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံသားတွေအနေနဲ့ အိုင်ဆစ်အဖွဲ့ကို မထောက်ခံဖို့ အစိုးရက တားမြစ်ထားပြီး၊ အရှေ့အလယ်ပိုင်းက တိုက်ခိုက်မှုတွေမှာ မပါဝင်ဖို့ သတိပေးထားတဲ့အကြောင်းလည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG