သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျကာတာ တိုက်ခိုက်မှု ဆက်နွယ်ပြီး သုံးဦး ဖမ်းဆီး


အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ကြာသပတေးနေ့က တိုက်ခိုက်မှုနဲ့ဆက်စပ်ပြီး သံသယရှိသူ သုံးဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းလိုက်ပါတယ်။ အဲဒီတိုက်ခိုက် မှုကြောင့် လူနှစ်ယောက်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရပါတယ်။

စစ်သွေးကြွလို့ သံသယရှိသူသုံးဦးကို မြို့တော်အပြင်ဘက်က Depok အရပ်မှာ ဖမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေကို လုံခြုံရေး ဆိုင်ရာဝန်ကြီး Luhut Pandjaitan က အတည်ပြုပါတယ်။ နိုင်ငံတဝန်းမှာတော့ လုံခြုံရေးကို တင်းကျပ်ထားတာပါ။

စစ်သွေးကြွလို့ သံသယရှိသူတွေကို ဖမ်းမိနိုင်ဖို့ ဂျာဗားနဲ့ တခြားကျွန်းတွေမှာလည်း စီးနင်းရှာဖွေတာတွေ လုပ်နေတယ်လို့ နိုင်ငံ တော်ရဲတပ်ဖွဲ့ပြောခွင့်ရ Anton Charliyan ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ပြောပါတယ်။

ဂျကာတာမြို့တော်မှာ ကြာသပတေးနေ့က ဗုံးခွဲပြီး သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်တာ သူတို့အဖွဲ့လက်ချက်လို့ IS စစ်သွေးကြွ တွေက ကြေညာထားပါတယ်။ တိုက်ခိုက်မှု အတွင်း သေဆုံးသွားတဲ့ တိုက်ခိုက်သူငါးဦးထဲက လေးဦးဟာ ဘယ်သူတွေဆိုတာ သိထားပြီးပြီလို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။

တိုက်ခိုက်သူတဦးရဲ့အိမ်ကို ဝင်ရှာတာမှာ IS အဖွဲ့ရဲ့သင်္ကေတ အနက်ရောင်အလံ အပါအဝင် IS နဲ့ဆက်စပ်တဲ့ ပစ္စည်း တွေကို တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရ Charliyan ကပြောပါတယ်။ တိုက်ခိုက်သူငါးယောက်ထဲက နှစ်ယောက်ဟာ အကြမ်း ဖက်ဝါဒ ကိုင်စွဲတဲ့ ပြစ်မှုတွေကို ကျူးလွန်မှုနဲ့ အရင်က ပြစ်ဒဏ်စီရင်ခံရဖူးတယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရက ပြောပါတယ်။

ကြာသပတေးနေ့က တိုက်ခိုက်မှုမှာ အရပ်သားနှစ်ဦးသေဆုံးပြီး တဦးက ကနေဒါနိုင်ငံသားဖြစ်ပြီးတော့ နောက်တဦးက အင်ဒိုနီးရှားနိုင်ငံသားဖြစ်ပါတယ်။

XS
SM
MD
LG