သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ကြက်ငှက်တုပ်ကွေးကြောင့် ၄ နှစ်သားတဦးသေဆုံး


ကြက်ငှက်တုပ်ကွေး ကာကွယ်ဆေးထိုးထားပြီးနောက် အစိုးရတာဝန်ရှိသူတဦးက ကြက်ခြံအတွင်း ဝင်ရောက်စစ်ဆေးနေစဉ်။
အင်ဒိုနိရှားနိုင်ငံမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး ငှက်တုပ်ကွေးရောဂါနဲ့ သေဆုံး သွားခဲ့ကြောင်း အင်ဒိုနိရှား တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီကလေးငယ်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ အခုနှစ်အတွင်း ၁၀ ဦးမြောက် ငှက်တုပ်ကွေးရောဂါနဲ့ သေဆုံး ခဲ့ရတဲ့သူလည်း ဖြစ်ပါတယ်။

မြို့တော် ဂျကာတာရဲ့ အနောက်ဖက်မှာရှိတဲ့ သူ့ရဲ့ နေအိမ်အပြင်ဘက်မှာ သေဆုံးနေတဲ့ ငှက်တကောင် ကို ဆော့ကစားမိရာကနေ H5N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့ အင်ဒိုနိရှား ကျန်းမာရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံရဲ့ လူနေထူထပ်တဲ့ ဂျားဗားကျွန်းမှာ H5N1 ဗိုင်းရပ်စ် ပိုးကြောင့် ဘဲ အကောင်ရေ ၃ သိန်းကျော် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေ က ပြောဆိုလိုက်ပြီးတဲ့ နောက် စိုးရိမ်ပူပန်မှုတွေ တိုးများလာခဲ့တယ်လို့ဆိုပါတယ်။

ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု စတင်တွေ့ရှိခဲ့တဲ့ ၂၀၀၃ ခုနှစ်ကစလို့ ကမ္ဘာနဲ့တ၀ှန်းမှာ လူပေါင်း ၃၆၀ နီးပါး ဒီရောဂါနဲ့ သေဆုံးခဲ့ရပြီးပြီ ဖြစ်ပါတယ်။
XS
SM
MD
LG