သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ပြင်


Indonesia Election
Indonesia Election

အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ သမ္မတရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်တာနဲ့အတူ တရုတ်နွယ်ဖွား အင်ဒိုနီးရှားလူမျိုး အများအပြားအပေါ် ပစ်မှတ်ထား ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ အင်ဒိုနီးရှား အလုပ်ရှင်များအဖွဲ့ ခေါင်းဆောင် Sofjan Wanandi က ပြောပါတယ်။

တရုတ်နွယ်ဖွား အင်ဒိုနီးရှားတွေဟာ ရွေးကောက်ပွဲကျရင် ဒီသမ္မတလောင်း ဝင်အရွေးခံသူပဲ မဲပေးရမယ်၊ မပေးရင် ဒဏ်ပေးခံရမယ်ဆိုတဲ့ text message တွေ ရခဲ့ကြသလို လူမှုကွန်ယက်ပေါ်မှာလည်း Post တွေတင်ပြီး ခြိမ်ခြောက်မှုကို ရခဲ့ကြတယ်လို့ တရုတ်နွယ်ဖွား Wanandi က ဗွီအိုအေကို အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ဖြစ်ခဲ့တဲ့သာဓကတွေ ရှိတာကြောင့် ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲပြီး ကာလတွေမှာ ပစ်မှတ်ထား တိုက်ခိုက်ခံရမှာ စိုးတဲ့အတွက် သူ့ရဲ့အဖွဲ့ဝင် တရုတ်နွယ်ဖွား အများအပြားဟာ နိုင်ငံခြားကို ထွက်သွားခဲ့ကြတယ်လို့လည်း Wanandi က ပြောပါတယ်။

တရုတ်နွယ်ဖွား အင်ဒိုနီးရှားတွေ နိုင်ငံထဲကနေ ထွက်ပြေးနေကြတယ်ဆိုတာဟာ သတင်းမှာဖြစ်ပြီး အခြေအမြစ် မရှိဘူးလို့ နိုင်ငံရေး၊ ဥပဒေရေးရာနဲ့ လုံခြုံရေးရာ အင်ဒိုနီးရှားဝန်ကြီး Djoko Suyanto ကတော့ ဗွီအိုအေ အင်ဒိုနီးရှားဌာနကို ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် ရဲသား ၂ သိန်းခွဲနဲ့ စစ်သား ၃ သောင်းကျော်ကို လုံခြုံရေးတာဝန် ပေးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် သဘောထား ကောက်ခံမှုတွေအရ ဂျကာတာအုပ်ချုပ်ရေးမှူး Joko Widodo က ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto ထက် ထောက်ခံသူ နည်းနည်းပိုသာနေတယ်လို့ ပြသနေပါတယ်။

XS
SM
MD
LG