သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ Joko Widodo အနိုင်ရ
နောက်ဆုံးရသတင်း

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ Joko Widodo အနိုင်ရ


အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲ တရားဝင်ရလဒ် ထုတ်ပြန်ချက်အရ ဂျကာတာမြို့တော်ဝန်ဟောင်း Joko Widodo ဟာ ဗိုလ်ချုပ်ကြီးဟောင်း Subianto ကို အနိုင်ရရှိခဲ့ပါတယ်။ ပရိဘောဂ ပစ္စည်းရောင်းသူ တဦးဖြစ်ခဲ့တဲ့ Widodo အနိုင်ရမယ်လို့ မျှော်လင့်ခဲ့ကြတာပါ။

ဇူလိုင်လ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ ၅၃ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာပါ။ ဒီကနေ့ ရွေးကောက်ပွဲ ရလဒ်တွေ မထုတ်ပြန်ခင်မှာ အရှုံးကို ပြနေတယ်လို့ မျှော်လင့်ရတဲ့ အင်ဒိုနီးရှား သမ္မတလောင်း တယောက်ကတော့ မဲရေတွက်မှု ဖြစ်စဉ်ကနေ နှုတ်ထွက်သွားပါပြီ။

ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ နည်းလမ်းမကျဘဲ ပြဿနာတွေပဲ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto ဒီကနေ့မှာပဲ ပြောသွားတာပါ။ သူရဲ့ပြိုင်ဘက် ဂျကာတာ မြို့တော်ဝန်ဟောင်း Joko Widodo ဟာ မဲမသာမှုတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီအတွက် အခြေခံဥပဒေခုံရုံးကို အယူခံဝင်နိုင်ပါတယ်။ ဒါပေမဲ့ လေ့လာသူအများစုက မဲသမာမှုတွေ ရှိတယ်ဆိုတာ ချဲ့ကားပြီးပြောတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့မူဆလင် လူဦးရေအများဆုံးရှိတဲ့ အင်ဒိုနီးရှားမှာ နိုင်ငံရေး မငြိမ်မသက် ဖြစ်မှာစိုးတဲ့အတွက် ရဲနဲ့ စစ်တပ် ထောင်ပေါင်းများစွာကို ဖြန့်ကျက်နေရာချထားပါတယ်။

XS
SM
MD
LG