သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်တရားခံ ၈ ဦး အင်ဒိုနီးရှား ကွပ်မျက်


သေဒဏ်ကျခံနေရတဲ့ မူးယစ်တရားခံတွေအရေး ဆန္ဒ ထုတ်ဖော်။ (ဧပြီ ၂၈၊
သေဒဏ်ကျခံနေရတဲ့ မူးယစ်တရားခံတွေအရေး ဆန္ဒ ထုတ်ဖော်။ (ဧပြီ ၂၈၊

အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ ပြစ်ဒဏ် စီရင်ခံ ထားရသူ နိုင်ငံခြားသား (၇) ဦးနဲ့ အင်ဒိုနီးရှား နိုင်ငံသား တဦးတို့ကို ကွပ်မျက် လိုက်ပြီ လို့ အင်ဒိုနီးရှား သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေ နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက သူတို့ကို မသတ်ဖို့ အတွက် အပြင်းအထန် ကန့်ကွက်နေတဲ့ကြားကပဲ ကွပ်မျက် လိုက်တာ ဖြစ်ပါတယ်။

အဲဒီ (၈) ဦးစလုံးကို ဗုဒ္ဓဟူးနေ့ အစောပိုင်းက သေနတ်နဲ့ ပစ်ခတ် ကွပ်မျက်လိုက် တာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေထဲမှာ အာဖရိကက ၄ ဦး၊ သြစတေးလျက ၂ ဦးနဲ့ ဘရာဇီးနိုင်ငံက ၁ ဦးတို့ ဖြစ်ကြပါတယ်။

သူတို့ကို ကွပ်မျက်လိုက်ပြီ ဆိုတာနဲ့ပတ်သက်လို့ အစိုးရဖက် ကတော့ တရားဝင် အတည်ပြုချက် မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် မူးယစ်ဆေးဝါး မှောင်ခိုမှု နဲ့ စီရင်ချက် ချခံ ထားရပြီး ကွပ်မျက်ဖို့ စီစဉ်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသူ တဦးကိုတော့ သတ်ခါနီး ကျမှ ဆိုင်းငံ့ထားလိုက်တယ်လို့ အင်ဒိုနီးရှား ရှေ့နေချုပ်က ပြောပါတယ်။

အဲဒီ တရားခံ (၉) ဦးကို ၇၂ နာရီအတွင်း ကွပ်မျက်မယ့် အကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက စနေနေ့တုန်းက အသိပေး အကြောင်းထားပြီး ဖြစ်ပါတယ်။ အဲဒီ အသိပေးချက် ထွက်လာပြီး မကြာခင်မှာပဲ သူတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် ကို ပြန်လည် သုံးသပ်ပြီး သေဒဏ်ပေးမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ အင်ဒိုနီးရှား သမ္မတ Joko Widodo ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က တောင်းဆိုခဲ့ပါတယ်။

အောက်တိုဘာလတုန်းက သမ္မတ ရာထူးကို လက်ခံရယူလိုက်တဲ့ သမ္မတ Joko Widodo ဟာ မူးယစ်မှောင်ခိုသမားတွေကို သေဒဏ်ပေးတဲ့ အစီအစဉ်ကို ထောက်ခံ အားပေးသူဖြစ်ပြီး တိုင်းပြည်အတွင်း အရေးပေါ် မူးယစ်ဆေးဝါး အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

XS
SM
MD
LG