သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိမ်းမှောက် အင်ဒိုနီးရှားသင်္ဘောက လူ ၄၀ နီးပါးကယ်ဆယ်နိုင်


တိမ်းမှောက်သွားတဲ့ ခရီးသည်တင် ကူးတို့သင်္ဘော က လူပေါင်း ၄၀ နီးပါးကို ကယ်တင်နိုင်ခဲ့
တိမ်းမှောက်သွားတဲ့ ခရီးသည်တင် ကူးတို့သင်္ဘော က လူပေါင်း ၄၀ နီးပါးကို ကယ်တင်နိုင်ခဲ့

အင်ဒိုနီးရှားနိုင်ငံအလည်ပိုင်း လှိုင်းထန်နေတဲ့ ပင်လယ်အတွင်း တိမ်းမှောက်သွားတဲ့ ခရီးသည်တင် ကူးတို့သင်္ဘော က လူပေါင်း ၄၀ နီးပါးကို ကယ်ယူဆယ်တင်နိုင်ခဲ့ပါတယ်။

အသက်ရှင်ကျန်သူ ၃၇ ယောက် နဲ့ ကလေးငယ် အလောင်း ၃ လောင်း ကို ဆယ်ယူရရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘေးအန္တရယ် ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီ တာဝန်ရှိသူတွေက VOA ကိုပြောပါတယ်။

ကူးတို့သင်္ဘောပေါ်မှာ ကလေး ၁၅ယောက် အပါဝင် ခရီးသည်နဲ့ အမှုထမ်းစုစုပေါင်း ၁၁၈ ယောက် လိုက်ပါလာတယ်လို့ Alamsyah ဆိုသူကပြောပါတယ်။

သူတို့အနေနဲ့ အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေကို အခု တနင်္လာနေ့ မနက်မှာ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကူးတို့ သင်္ဘောဟာ ကြမ်းတမ်းပြီး ၁၆ ပေ အမြင့်လောက် ရှိတဲ့ လှိုင်းပုတ်ခတ်မှုကြား စနေနေ့က တိမ်းမှောက် နစ်မြုတ်သွားခဲ့တာ ဖြစ်ပါတယ်။

အသက်ရှင် ကျန်သူတွေကို ကယ်ဆယ်နိုင်ဖို့အတွက် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး သင်္ဘောတွေ က စောင့်ကြည့်နေတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနကပြောပါတယ်။

ကူးတို့ သင်္ဘောဟာ Kolaka ကနေ Sulawesi ကျွန်းက Siwa မြို့ကို ဦးတည် ခုတ်မောင်နေစဉ် နစ်မြုတ်သွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG