သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျအင်ဒိုနီးရှားလေယာဉ် အသက်ရှင်ကျန်ရစ်သူ မရှိ


ပျက်ကျလေယာဉ် ထဲပါသွားသော ကျန်ရစ် မိသားစုဝင်များ
ပျက်ကျလေယာဉ် ထဲပါသွားသော ကျန်ရစ် မိသားစုဝင်များ

ခရီးသည်နဲ့လေယာဉ်ဝန်ထမ်းစုစုပေါင်း ၁၈၉ဦး လိုက်ပါလာတဲ့ အင်ဒိုနီးရှား Lion Air လေကြောင်းခရီးစဉ် JT 610က လေယာဉ်တစီးဟာ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာကနေထွက်ခွါပြီး ၁၃မိနစ်အကြာမှာ ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့ပါတယ်။

ဒီလေယာဉ်ပျက်ကျမှုမှာ အသက်ရှင်သူတဦးမှ ရှိမယ့်ပုံမပေါ်ဘူးလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ရှာဖွေရေးနဲ့ ကယ်တင်ရေးအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Sutopo Purwo Nugrohoက တွစ်တာလူမှု ကွန်ယက်မှာ လေယာဉ်ပျက် ကအပိုင်းအစတွေရဲ့ ဓါတ်ပုံတွေကို တင်ထားပါတယ်။

အဲဒီအထဲမှာ ကျိုး ကျေနေတဲ့ စမတ်ဖုန်းတလုံး၊ စာအုပ်တွေ၊ အိပ် တွေနဲ့ လေယဉ်အပိုင်းအစတွေကို မြင်ရပါတယ်။ လေယဉ်ပေါ် ပါသွားတဲ့ခရီးသည် တွေအတွင်း ကလေးငယ်တဦးနဲ့ မွေး ကင်းစခလေး၂ဦးပါဝင်တယ်လို့ ပြောခွင့်ရ Nugrohoကဆိုပါ တယ်။ လေယာဉ်ပျက်ကျမှုအတွင်း ကြေးစားအဆင့် အီတလီ စက်ဘီးသမား Andrea Manfredi လည်းပါဝင်ပြီးသေဆုံး သွားတဲ့အကြောင်း အီတာလျှံသတင်းမီဒီယာတွေမှာဖေါ်ပြပါတယ်။ ဂျာဗားကျွန်းမြောက်ပိုင်းမှာ လေယာဉ်ရဲ့အပိုင်းအစ တွေကို အဓိကတွေ့ရတာဖြစ်ပြီး အဲဒီနေရာမှာ ကူညီကယ်ဆယ် ရေး၊ ရှာဖွေရေးနဲ့ ရေငုတ်သမား တွေကိုစေလွှတ်ချထား ပါတယ်။ လေယဉ်ဟာ ရေအောက်မီတာ ၃၀ကနေ ၃၅မီတာ အနက်ကိုထိုးစိုက် ကျဆင်းသွားတာဖြစ်ပြီး ကမ်းခြေကနေ ၁၅ကီလိုမီတာအကွာလောက်မှာ သေဆုံးသူအလောင်း တချို့ကိုရှာဖွေတွေ့ ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ကပြောပါ တယ်။

Boeing 737 Max 8 အမျိုးအစားဒီလေယာဉ်ဟာ အသစ်ဖြစ်ပြီး လေယာဉ်မပျံသန်းမီ တညအလိုက ဂျကာတာကို ပျံသန်းစဉ်မှာ စက်ချို့ယွင်းမှုရှိခဲ့ပေမဲ့ အင်ဂျင်နီယာတွေက ပြင်ဆင်ခဲ့ပြီး ပျံသန်းဖို့အဆင်သင့်ရှိကြောင်းခွင့်ပြုချက်ပေးခဲ့ တယ်လို့Lion Air အမှုဆောင်ညွှန်ကြားရေးမှူး Edward Sirait က သတင်းဌာနကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG