သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ရေးကြီးမှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံး


မေလ ၁၂ ရက်နေ့ − အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းမှာ မိုးကြီးပြီး ရုတ်တရက် ရေးကြီးမှုကြောင့် ပျက်ဆီးမှုများ
မေလ ၁၂ ရက်နေ့ − အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းမှာ မိုးကြီးပြီး ရုတ်တရက် ရေးကြီးမှုကြောင့် ပျက်ဆီးမှုများ

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း မီးတောင်ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ဒေသမှာ မိုးကြီးပြီး ရုတ်တရက် ရေးကြီးမှုတွေ ဖြစ်ခဲ့တာအပြင် အေးခဲနေတဲ့ ချော်ရည်တွေ စီးဆင်းခဲ့တာကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံးပြီး၊ ၄ ဦး ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ မေလ ၁၂ ရက်နေ့မှာ ပြောပါတယ်။

စနေနေ့ည ၁၀ နာရီခွဲလောက်က နာရီပေါင်းများစွာ မိုးတွေအဆက်မပြတ် ရွာသွန်းပြီး Marapi မီးတောင်ကနေ ချော်ရည်အအေးတွေ စီးဆင်းခဲ့တာကြောင့် ဂျာဗားကျွန်းအနောက်ပိုင်းက Agam နဲ့ Tanah Datar ကျေးရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ခဲ့တာလို့ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ချော်ရည်အေးဆိုတာကတော့ - မီးတောင်ပေါက်ပြီး တင်ကျန်နေတဲ့ ပြာမှုန့်တွေက မိုးရွာပြီး တောင်အောက်ကို ရွံ့နွံတွေသဖွယ် စီးဆင်းကျလာတာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ သေဆုံးသွားသူတွေထဲက ၃ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် လူ ၉ ဦးကို ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ သိရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတဲ့လုပ်ငန်းတွေ ဒီကနေ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒေသတွင်း ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့အကြီးအကဲ Abdul Malik က ပြောပါတယ်။ ဒေသတွင်က ခရိုင် ၂ ခုမှာ အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။

Forum

XS
SM
MD
LG